ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရန် မီးပွိုင့်ထားပေးရန် ပြည်သူများဆန္ဒရှိ

ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရန် မီးပွိုင့်ထားပေးရန် ပြည်သူများဆန္ဒရှိ

ဖယ်ခုံမြို့နယ်အတွင်းရှိ လမ်းဆုံလမ်းခွ၊ အချက်အချာကျသည့် နေရာများတွင် ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရန် မီးပွိုင့်များထားရှိရန်လိုအပ်ကြောင်း ဒေသခံများကပြောသည်။

“မီးပွိုင့်ရှိဖို့ဆိုရင် အင်မတန်အရေးကြီးတယ် မီးပွိုင့်မရှိလို့ ဆိုင်ကယ်တွေ မကြာခဏယာဉ်တိုက်မှုဖြစ်တယ် မဆင်မခြင်တာတွေလည်းပါတယ် ဥပဒေနားမလည်တာတွေလည်းပါတယ်“ဟု ဖယ်ခုံ ညောင်ကုန်းရပ်ကွက်နေ ဦးယူဂျိမ်းကဆိုသည်။

မီးပွိုင့်ရှိပါက ပြည်သူများသည် ၎င်းတို့၏ဆိုင်ကယ်များ၊ ကားများပို၍ ဆင်ဆင်ခြင်ခြင်မောင်းမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ဖယ်ခုံမြို့နယ်တွင် မီးပွိုင့်ထားရန်အလျင်မလိုအပ်သေးကြောင်း၊ လိုအပ်ပါကလည်း အထက်တန်းကျောင်း ရှေ့တွင်သာ ထားရှိရန် လိုအပ်ကြောင်းနှင့် လိုအပ်သည့်နေရာများတွင် လူကူးမျဉ်းကြားများ ထားထားပေးပြီးဖြစ်ကြောင်း ဖယ်ခုံမြို့နယ်စည်ပင်သာယာရေးဌာနမှ ဥက္ကဌဦးတင့်နိုင်က ပြောပါသည်။

၎င်းက “အဲ့ဒီဟာတွေလုပ်ဖို့ အစီအစဉ်တွေ မြို့အနေနဲ့တော့ အဲ့လောက်ထိမရှိသေးဘူးလေ လောလောဆယ်တော့ ယာဉ်ထိန်းရဲတွေနဲပဲ ထိန်းနေရတော့ အဆင်ပြေတာပေါ့ “ဟု ဆိုသည်။

ဖယ်ခုံမြို့နယ်အတွင်း မီးပွိုင့်ထားရှိရန်အစီအစဉ်ရှိမရှိ လွှတ်တော်တွင်တင်ပြ မေးခွန်းမေးရန် လွှတ်တော်နှင့်မသက်ဆိုင်ကြောင်း ဖယ်ခုံမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေရီနျိူ့က ပြောသည်။ ၎င်းက “အစ်မတို့နဲ့သိပ်မဆိုင်ဘူး၊အဲ့ကိစ္စက” ဟု ပြောကြားခဲ့သည်။

ဖယ်ခုံမြို့သည် ယာဉ်အသွားအလာများကာ မီးပွိုင့်မရှိသည့်အတွက်ကြောင့် ကား ဆိုင်ကယ်များ စည်းကမ်းမဲ့စွာမောင်းနှင်နေပြီး အက်စီးဒန့်များ မကြာခဏဖြစ်နေကြောင်းသိရသည်။ ဒေသခံများက ဖယ်ခုံတွင် သာမက မိုးဗြဲတွင်လည်း မီးပွိုင့်ထားရှိရန် လိုလားကြသည်။

May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...