Published
Thursday, November 29, 2018
ကရင်နီဘာသာ အစီအစဉ် (နိုဝင်ဘာလ ၂၉၊ ၂၀၁၈)
ကယားပြည်နယ်အစိုးရဘတ်ဂျက်နဲ့ ထုတ်ဝေမယ့် ကယားတိုင်းမ်ဂျာနယ်ကို လွှတ်တော်က မသိရသေးဘူးလို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသဲရယ်က ပြောပါတယ်။
လာမယ့် ဒီဇင်ဘာလ(၈)ရက်နေ့မှာ ကျရောက်မယ့် ကယန်းနှစ်သစ်ကူးပွဲတော်ကို နေရာပေါင်း ၁၉ နေရာမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။
ကယားပြည်နယ်မှာ ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှု ၂၀၁၄ ကနေ ၂၀၁၈ ကြား ၅ ဆခန့် မြင့်တက်လာတယ်လို့ ကယားပြည်နယ် ဟိုတယ်နှင့်ခရီးညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွဋ်က ပြောပါတယ်။






