Published
Wednesday, November 28, 2018
ကရင်ဘာသာ အစီအစဉ် (နိုဝင်ဘာလ ၂၈၊ ၂၀၁၈)
KWO က ဦးဆောင်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှှု ပပျောက်ရေး ၁၆ ရက်တာ လှှုပ်ရှားမှှုကို နိုဝင်ဘာလ ၂၅ ရက်နေ့က အခမ်းအနားနဲ့ စတင်ခဲ့ပါတယ်။
ကရင်ပြည်နယ်ရဲ့ အကြီးကျယ်ဆုံး မီးပုံးပျံလွှတ်တင်ပွဲလိ့ု နာမည်ကြီးတဲ့ ဘုရားလုံးတိုက်ကျောင်းရဲ့ ၁၁၃ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်နဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နိုဝင်ဘာလ ၂၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။
အမျိုးသားရေး လှုပ်ရှားမှုမှာ အားဖြည့်မှု၊ ငြိမ်းချမ်းရေးမှာ ပူးပေါင်းပါဝင်မှုနဲ့ လူငယ်အခြေအနေ ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်သွားနိုင်ဖို့ ကရင်လူငယ်နှီးနှောဖလှယ်ပွဲမှာ ဆွေးနွေးခဲ့ပါတယ်။






