လယ်ကွင်းအတွင်း အမျိုသမီးတစ်ဦး ဓားဒါဏ်ရာ ၃၀ချက်ဖြင့် သေဆုံးနေ

လယ်ကွင်းအတွင်း အမျိုသမီးတစ်ဦး ဓားဒါဏ်ရာ ၃၀ချက်ဖြင့် သေဆုံးနေ

နိုဝင်ဘာလ ၂၃ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ဝှါရီကောခူကျေးရွာမြောက်ဘက် လယ်ကွင်းအတွင်း၌ အသက်(၂၅)နှစ်ခန့်ရှိသည့် အမျိုးသမီးတစ်ဦး ဓားဒါဏ်ရာ အချက် ၃၀ဖြင့်သေဆုံးနေကြောင်း သိရသည်။

သေဆုံးသူအမျိုသမီးမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စု၊ ရှီမီလောကျေးရွာနေ မပွင့်ဖြူဖြစ်ကြောင်း သိရသည်။

၎င်းသည် ဝဲဘက်ခါးစောင်း ထိုးသွင်းဒဏ်ရာ (၂) ချက်၊ ဝမ်းဗိုက်ပိုင်း ထိုးသွင်းဒဏ်ရာ (၁၀)ချက်၊ ဝဲဘက်နို့အုံ ထိုးသွင်းဒဏ်ရာ (၉)ချက်၊ ရင်ညွန့်ထိုးသွင်းဒဏ်ရာ (၂)ချက်၊ ယာဘက်နို့အုံ ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ဝဲဘက်ဂျိုင်းအောက် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဝဲဘက်လက်ပျင် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ နောက်ကျောထိုးသွင်းဒဏ်ရာ(၂)ချက်၊ ဝဲဘက်လက်ခလယ် ပြတ်ရှဒဏ်ရာ(၁)ချက်နှင့် နှာခေါင်းသွေးထွက်ဒဏ်ရာတို့ဖြင့် သေဆုံးနေကြောင်း သိရသည်။

အလောင်းကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ မှုခင်းဆေးစာနှင့်အတူ ထင်မြင်ချက်တောင်းခံထားရှိပြီး ၂၅၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် လွိုင်ကော်မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးနေကြောင်း ရဲစခန်းမှ သိရသည်။

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...