တရုတ်နယ်စပ် မူစယ် – မိန့်ဝိန်းဂိတ်တွင်ကုန်ကားကြီးများဆိုးရွားစွာပိတ်ဆို့ ရိုက်နှက်မှုများဖြစ်ပွါး

တရုတ်နယ်စပ် မူစယ် – မိန့်ဝိန်းဂိတ်တွင်ကုန်ကားကြီးများဆိုးရွားစွာပိတ်ဆို့ ရိုက်နှက်မှုများဖြစ်ပွါး
Photo by Muse youth : မူစယ်မြို့ တရုတ်နယ်စပ်ဂိတ်တွင် ကားကြီးများ ပိတ်ဆို့နေသည်ကိုတွေ့ရစဉ်
Photo by Muse youth : မူစယ်မြို့ တရုတ်နယ်စပ်ဂိတ်တွင် ကားကြီးများ ပိတ်ဆို့နေသည်ကိုတွေ့ရစဉ်

သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် မူစယ်မြို့တွင် ကုန်ကားကြီးများအား တရုတ်အာဏာပိုင် များ တင်းကျပ်စစ်ဆေးနေသဖြင့် မန့်ဝိန်းနယ်စပ်ဂိတ်တွင် ကုန်ကား ကြီးများ ဆိုးရွားစွာ ပိတ်ဆို့မှုများဖြစ်ပွါး နေကြောင်းသိရသည်။

အဆိုပါဂိတ်ပေါက်မှ ကားတန်းများသည် မြို့ပြင်လမ်းတလျှောက် ရှည်လျားစွာ ပိတ်ဆို့နေပြီး ၀င်ထွက်သွားလာနိုင်ခြင်းမရှိသည့်အပြင်မြို့တွင်းကားငယ်များလည်းသွားလာရေးခက်ခဲနေကြောင်း၊ ကားသမားများ ရိုက်နှက်မှုဖြစ်ပွါးသည်အထိရှိနေကြောင်း သိရသည်။

ကားသမားတွေလည်း ကားမောင်းကြမ်းတာရယ် ကားလမ်းပိတ်ဆို့မှုကြောင့် တယောက်နဲ့ တယောက် ကျော်တက် ဖို့ကြိုးစားတာရယ်ကြောင့် နို၀င်ဘာလ ၂၀ ရက်နေ့တုန်းက ကားသမားအချင်းချင်း ရန်ဖြစ်စကားများကြပြီး ရိုက်နှက်မှုတွေတောင်ဖြစ်ခဲ့တယ်။ ယာဉ်ထိန်းရဲကဝင်ညှိတယ်။ အဲ့မှာ ယာဉ်ထိန်းရဲနဲ့ လုံးထွေး ရင်း ယာဉ်ထိန်းရဲနဲ့ ကားသမား ဇော်ဇော် ၂ယောက်လုံး ဒဏ်ရာရသွားတယ်။ အခု မူစယ်နဲ့နမ့်ခမ်းဆေးရုံတွေမှာ ပို့ဆောင်ဆေးကုထားတယ်။ – ယာဉ်မောင်း ကိုမင်းမင်း က သျှမ်းသံတော်ဆင့်အားပြောသည်။

တရုတ်အာဏာပိုင်များသည် တရုတ်ဘက်ဝင်မည့်မြန်မာဘက်မှကားများကို တင်းကျပ်စစ်ဆေးနေပြီး ယခင်က ကုန်ကား တနေ့ အစီးရေ ၂၀၀ ခန့် ၀င်ထွက်သွားလာနေရာမှ ယခုတွင်မူ တရက် ၈၀ ခန့်သာ ၀င်ထွက်သွားလာတော့ကြောင်း သိရသည်။

ထို့အတွက် ပိတ်ဆို့နေသောကားတန်းကြီးများအား ရှင်းလင်းပေးရန် မူစယ်ဒေသခံများက တောင်းဆိုနေကြကြောင်းသိရသည်။

Most read this week

December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...