Published
Sunday, November 18, 2018
မြန်မာဘာသာ အစီအစဉ် (နိုဝင်ဘာလ ၁၈၊ ၂၀၁၈)
ရှမ်းပြည်နယ်မှာတော့ ပြည်သူတွေ ကောင်းမွန်တဲ့ အလုပ်ရရှိပြီး တိုးတက်အောင်၊ နိုင်ငံခြားထွက်ပြီး အလုပ်မလုပ်ရလေအောင် လုပ်ငန်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ တစ်ခုကို ပထမဆုံးအကြိမ် တောင်ကြီးမြို့မှာ ကျင်းပခဲ့ပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာတော့ တာတမံတစ်ခု ကျိုးပေါက်နေတာ (၈)နှစ်ကြာနေပြီဖြစ်ပေမဲ့ အခုချိန်ထိ ဆည်ဖို့လို့ မပြီးသေးတဲ့အတွက် လယ်သမား ၄ဝဝ လောက် အခက်အခဲကြုံနေရပါတယ်။
ကရင်ပြည်နယ် ဖားအံမြို့နယ်က တန် ၄,၀၀၀ မြိုင်ကလေးဘိလပ်မြေစက်ရုံမှာ ကျောက်မီးသွေးစွမ်းအင်နဲ့ လည်ပတ်ဖို့ ကျောက်မီးသွေးတွေ သယ်ယူသိုလှောင်ထားတာနဲ့ ပတ်သက်ပြီး ဆက်မလုပ်ဆောင်ဖို့ ဒေသခံတွေက သဘောထား ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။






