ရခိုင်လူငယ်တစ်ဦးဖားကန့်နမ့်မော်တွင် သေနတ်ပစ်ခံရ၍ သေဆုံး

ရခိုင်လူငယ်တစ်ဦးဖားကန့်နမ့်မော်တွင် သေနတ်ပစ်ခံရ၍ သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်၊ နမ့်မော်တွင် ရေမဆေးကျောက်ရှာနေသူ ရခိုင်လူငယ်တစ်ဦးသည် နိုဝင်ဘာ ၁၉ ရက်နေ့က သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

“ သူ့နာမည်က မောင်အေးသန်း၊ ပေါက်တောမြို့နယ်ကပါ။ သူက တစ်ခြားသူတွေနဲ့ ရေမဆေးကျောက် ရှာဖို့အတွက် စန်းရွှေခေါ် ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီရှေ့မှာ ထိုင်စောင့်နေစဉ် ဘာမှ ပြဿနာမရှိဘဲ လုံခြုံရေး ယူထားသူ တစ်ဦးက သေနတ်ပစ်လိုက်တာပါ” ဟု နမ့်မော်ကျေးရွာနေထိုင်နေသူ ဦးမောင်မြဦးက ပြောကြားသည်။

၎င်းကုမ္ပဏီမှ ရေမဆေးကျောက်ရှာသူများကို ညနေ ၄ နာရီတွင် ခွင့်ပြုပြီး ၄ နာရီ မထိုးသေးသဖြင့် ထိုင်စောင့်နေစဉ် ညနေ ၃ နာရီကျော်ခန့်တွင် သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ သူတို့က ခြံကို အတင်းတိုးဝင်တယ်ဆိုရင်လည်း တစ်မျိုးပါ။ အခုက ဘာမှ လုပ်တာ မဟုတ်ဘဲ ထိုင်စောင့်နေတာကို သေနတ်နဲ့ ပစ်တာပါ။ အဲသလို အပစ်ခံရတဲ့ နောက်ပိုင်းမှာ ပြသနာက ကြီးကျယ်သွားပြီး မကျေနပ်တဲ့သူတွေက ကုမ္ပဏီကို မီးရှို့တာတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားသည်။

သေဆုံးသူ ရခိုင်လူငယ် မောင်အေးသန်း အသက် (၂၅) နှစ်၊ မှတ်ပုံတင်အမှတ် (၁၁/ ပတန (နိုင်) ၁၀၅၁၀၁)  ဖြစ်ပြီး ဖခင်မှာ ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာမှ ဦးအလုံးချေ ဖြစ်ကြောင်း သိရသည်။

မောင်အေးသန်းမှာ ညာဘက် ပခုံးတွင် ကျည်ဆံထိမှန် သေဆုံးခဲ့ခြင်း ဖြစ်ပြီး ယနေ့တွင် သူ့ကို သဂြိၤုလ်မည်ဟု သိရသည်။

နောက်ဆက်တွဲသတင်အရ စန်းရွှေ ကုမ္ပဏီအား မကျေနပ်၍ မီးရှို့တိုက်ခိုက်ခဲ့သူများကို ဖမ်းဆီးရန် အာဏာပိုင်များက လိုက်ရှာနေကြောင်း သိရသည်။

ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...
စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...
ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...