ကမ္ဘောဇလေကြောင်းလိုင်း လွိုင်ကော်တွင် ပြန်ပြေးဆွဲတော့မည်

ကမ္ဘောဇလေကြောင်းလိုင်း လွိုင်ကော်တွင် ပြန်ပြေးဆွဲတော့မည်

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ယခင်ကပြေးဆွဲခဲ့သည့် ကမ္ဘောဇလေကြောင်းလိုင်း ယခုလ နိုဝင်ဘာလ၁၉ရက်နေ့တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်- လွိုင်ကော်လေကြောင်းကို အပတ်စဉ် တနလာၤ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် စနေနေ့တို့တွင် ပြေးဆွဲပေးဖြစ်ကြောင်း ကမ္ဘောဇလေကြောင်းလိုင်းမှ တာဝန်ရှိသူက ပြောပါသည်။ လွိုင်ကေ်ာ-ရန်ကုန်လေကြောင်းမှာတော့ လွိုင်ကော်-ဟဲဟိုးမှ ရန်ကုန်သို့ ဆက်လက်ပျံမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ရန်ကုန် – လွိုင်ကော် – ရန်ကုန် ခရီးစဉ်တွင် လေကြောင်းလိုင်းနှစ်ကြောင်း ဖြစ်သည့် မြန်မာ့လေကြောင်းလိုင်းနှင့် ကမ္ဘောဇလေကြောင်းလိုင်းတို့မှ ပြေးဆွဲလျှက်ရှိပြီး ၂၀၁၇တွင် မြန်မာ့လေကြောင်းလိုင်းတစ်ခုသာ ဆက်လက်ပြေးဆွဲခဲ့သည်။

ယခင်က ရန်ကုန်အပြင် မန္တလေးမြို့ပါ လေကြောင်းပြေးဆွဲခဲ့သော်လည်း လိုက်ပါစီးနှင်းသည့် ခရီးသည်နည်းပါးသည့်အတွက်ကြောင့် ပြန်လည်ဖျက်သိမ်းလိုက်ကြောင်း လွိုင်ကော်မြို့ မြန်မာ့လေကြောင်းရုံးမှ တာဝန်ရှိသူက ပြောသည်။

လက်ရှိ Air KBZ လေကြောင်းလက်မှတ်မှာ ၄၃ဒေါ်လာဖြစ်ပြီး ဒေါ်လာဈေးအတက်အကျပေါ်မူတည်ကာ မြန်မာငွေလိုက်ပြောင်းလဲမည် ဖြစ်ကြောင်း သိရသည်။ ၎င်းလေကြောင်းလိုင်းသည် ယခုနှစ် ခရီးသည်များ အဝင်အထွက်များသည့် လွိုင်ကော်ြမို့နှင့် ထားဝယ်မြို့များသို့ တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...