မြေယာ သိမ်းပိုက်မှုဖြစ်စေသော အစိုးရ ဥပဒေကို တိုင်းရင်းသားများ ကန့်ကွက်

မြေယာ သိမ်းပိုက်မှုဖြစ်စေသော အစိုးရ ဥပဒေကို တိုင်းရင်းသားများ ကန့်ကွက်

မြေလွတ် မြေလပ် မြေရိုင်း စီမံခန့်ခွဲရေးဥပဒေကို ကန့်ကွယ်ရန်အတွက် ပြည်နယ်အသီးသီးမှ မြေယာအရေးလှုပ်ရှားသူ ဒေသခံ (၃၄)ဦးက မြေယာနှင့်ပတ်သက်ပြီး ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဆွေးနွေးပွဲ (၂)ရက် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၀ရက်မှ ၁၁ရက် အထိ ကချင်၊ ကယား(ကရင်နီ)၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်းစသောပြည်နယ်များမှ တောင်သူကိုယ်စားလှယ်များကကြုံတွေ့နေရသော မြေယာပြသာနာများနှီးနှောဖလှယ်ခြင်း၊ တိုင်းရင်းသားရိုးဓလေမြယာအခွင့်အရေး၊ လက်ရှိနိုင်ငံရေးနှင့်ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် မြေယာအခန်းကဏ္ဍများနှင့်ဆက်စပ်ပြီး သဘောထားများ ထုတ်ပြန်ထားကြောင်းတွေ့ရသည်။

အဆိုပါ သဘောထားများထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဖက်ဒရယ်တိုင်းရင်းသားတောင်သူလယ်သမားများ ကွန်ယက်အဖွဲ့ဝင် တစ်ဦးဖြစ်သော ကချင်လူမှုဖွဲ့ဖြိုးရေးအဖွဲ့ (Mungchying Rawt Jat)မှ ဦး Lashi Awng Lat က ယခုလို ပြောသည်။

“ပြည်နယ် ရသော်လည်း မြေယာ မရှိတော့ဘူး။ ဟူးကောင်းချိုင့်ဝှမ်းဒေသမှာဆို ကျား ထိန်းသိမ်းရေးနယ်မြေတွေ သတ်မှတ် လိုက်တယ်။ ကုမ္ပဏီက ပြည်သူတွေရဲ့မြေယာတွေကို မတရားသိမ်းယူလိုက်တယ်။ ပူတာအိုဘက်မှာလည်း ကျားထန်းသိမ်းရေးနယ်မြေဆိုပြီး သိမ်းယူတယ်။ ဝိုင်းမော်မြို့နယ်တလျှောက်လည်း တရုတ်နယ်မြေဖြစ်ကုန်ပြီ။ ချီဖွေမြို့နယ်ဘ က်ဆိုရင်လည်း အမျိုးသားဥယာဉ် အဖြစ် နေပြည်တော်က ထိန်းချုပ်လိုက်ပြီ။ မြေလွတ်ဆိုတာ မရှိတော့ဘူး။ ဒါက ရည်ရွယ်ချက်ရှိရှိ အစိုးရက လုပ်နေတာ။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ စီမံခန့်ရေးဥပဒေကို ပြုပြင်ရမယ်။ ဒါကြောင့် ယခုလိုသဘောထားများထုတ်ပြန်ရသည်။"

ထိုသဘောထားထုတ်ပြန်ချက်တွင် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု စနစ်အောက်တွင် မြေယာဥပဒေပေါ်ပေါက်လာရေး၊ လက်ရှိမြေယာ ပြဿနာများကို ဦးစွာဖြေရှင်းမှ စီမံကိန်းအသစ်၏ ဥပဒေထုတ်ပြန်ခြင်း၊ ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေသည့် ပြည်သူများ ဂုဏ်သိက္ခာရှိစွာပြန်လည်နေထိုင်လုပ်ကိုင်နိုင်ရန် အာမခံချက်ရှိသော အစီအစဉ်များဖြင့် ဆောင်ရွက်ပေးရန်၊ မိမိတိုင်းရင်းသားဒေသများတွင် မြေလွတ်မြေလပ်နှင့်မြေရိုင်း လုံးဝ မရှိကြောင်း၊ မြေယာအရေးလှုပ်ရှားသူများကို ဥပဒေပုဒ်မဖြင့်တရားစွဲဆိုထောင်ချနေမူများ ဟူသောအချက်များဖော်ပြထားသည်။

၂၀၁၈ခုနှစ် စက်တင်ဘာလ ၁၁မှာ အစိုးရက ပြဌာန်းထားသော မြေယာဥပဒေက တိုင်းရင်းသားများ၏ အခွင့်အရေး၊ ဓလေ့ထုံးတမ်းအရ စီမံပိုင်ဆိုင်ခွင့်များကို အသိအမှတ်မပြုဘဲ တဖက်သတ် ရေးဆွဲထားသည့် ဥပဒေဖြစ်ကြောင်း တိုင်းရင်းသား လူမှုအဖွဲ့အစည်းများ ကန့်ကွက်ထားပါသည်။

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...