ဘင်္ဂလီ ၁၅ဦးကို ကယ်ရီလုပ်သူ ၃ ဦးနှင့် အတူ အမ်းစစ်ဆေးရေးဂိတ်တွင် ဖမ်းမိ

ဘင်္ဂလီ ၁၅ဦးကို ကယ်ရီလုပ်သူ ၃ ဦးနှင့် အတူ အမ်းစစ်ဆေးရေးဂိတ်တွင် ဖမ်းမိ

ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ကံမြင့်ကန် စစ်ဆေးရေးဂိတ်တွင် သာသနာ အလံကိုထောင်ပြီး မောင်းနှင်လာသော ကားတစ်ီးပေါ်မှ ဘင်္ဂလီလူမျိုး ၁၅ ဦးကို ကယ်ရီလုပ်သူ ၃ ဦးနှင့် အတူ ယနေ့နံနက်က ဖမ်းဆီးမိခဲ့သည်ဟု သတင်းရရှိသည်။

အမ်းမြို့နယ် ဒုမြို့နယ် အုပ်ချုပ်ရေးမှူးအား နိရဉ္စရာသတင်းမှ ဆက်သွယ်မေးမြန်းရာ ဖမ်းဆီမိခြင်းမှာ မှန်ကန်ကြောင်း အတည်ပြုပြောကြားသည်။

“ ကျား ၇၊ မ ၈၊ စုစုပေါင်း ၁၅ ဦးဖြစ်ပါတယ်။ အမ်းမြို့နယ် ကံမြင့်ကန် စစ်ဆေးရေးဂိတ်မှာ သယ်ယူလာသူ ၃ ဦးနဲ့ အတူ ဖမ်းမိပါတယ်။ ကယ်ရီလုပ်လာသူတွေက ရန်ကုန်က ကားသမားတွေလို့ သိရပါတယ်” ဟု ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

၎င်းဘင်္ဂလီလူမျိုး ၁၅ ဦးမှာ စစ်တွေမြို့နယ် သဲချောင်းနှင့် ဘောဒူဝမှ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သူက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အမ်းမြို့နယ်အတွင်း လူမှုရေး လှုပ်ရှားနေသူ တစ်ဦးဖြစ်သည့် ဦးဇော်လင်းအောင်အား ဆက်သွယ်မေးမြန်းရာ ကံမြင့်ကန် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိကြောင်း၊ ကားပေါ်တွင် သာသနာအလံကို ထောင်၍ စစ်တွေနေ ထွက်ခွာလာသော ကားဖြစ်ကြောင်း၊ ကံမြင့်ကန် စစ်ဆေးရေးဂိတ်မှာ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်း အစပ်တွင် တည်ရှိသော်လည်း ရခိုင်ပြည်နယ်ဘက် အခြမ်းတွင် ဖြစ်ကြောင်း ပြောကြားသည်။

ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...
စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...
ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...