စစ်တွေမြို့ရှိ သက်ကြီးစာပေသမားများအား ပူဇော်ကန်တော့ပွဲပြုလုပ်မည်

စစ်တွေမြို့ရှိ သက်ကြီးစာပေသမားများအား ပူဇော်ကန်တော့ပွဲပြုလုပ်မည်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ သက်ကြီးစာပေသမားများအား ပူဇော်ကန်တော့ပွဲ ပြုလုပ်သွားမည်ဟု ပွဲကျင်းပရေးကော်မတီမှ သိရသည်။

စစ်တွေမြို့နယ်ရှိ အသက် ၇၅ နှစ်နှင့်အထက် သက်ကြီးစာပေသမားများအား ပူဇော်ကန်တော့ပွဲကို ဒီဇင်ဘာလ ၉ ရက်နေ့၊ နေ့လယ် ၁ နာရီအချိန်တွင် စစ်တွေရှိ ဂြစ်ဖက်ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သွားမည်ဟု  ပွဲကျင်းပရေးကော်မတီအတွင်းရေးမှူး ဆရာလေးဝတီထွန်းစောခိုင်က နိရဉ္စရာသို့ ပြောသည်။

“ဒီပွဲကို ရိုးရာအစဉ်လာနဲ့အညီ ဂါရတရားအရ ပူဇော်ခြင်း၊ သက်ကြီးစာပီသမားတွေရဲ့ ဆုံးမဩဝါဒတွေကို ခံယူလိုခြင်း၊ စာပေ သမားတွေအချင်းချင်း စုစည်းညီညွတ်မှုကိုရလိုပြီး အနာဂတ်စာပေဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လက်တွဲ ညီညီ လုပ်လိုခြင်း ဆိုတဲ့ ရည်ရွယ်တွေနဲ့ လုပ်မှာဖြစ်ပါတယ်” ဟု ဆရာလေးဝတီထွန်းစောခိုင်က ဆိုသည်။

စစ်တွေမြို့နယ်ရှိ အသက် ၇၅ နှစ်နှင့်အထက် သက်ကြီးစာပေသမား ၁၂ ဦးအား ပူဇော်ကန်တော့ သွားမည်ဖြစ်ပြီး လက်ရှိတွင် ပွဲကျင်းပရေးကော်မတီအနေဖြင့် ရန်ပုံငွေများ စတင်ရှာဖွေနေပြီဖြစ်သည်။

“အဓိကတော့ လက်အုပ်ချီလို့ ကန်တော့ရင်လည်း ရပါတယ်။ ပိုက်ဆံ အနည်းအများမဟုတ်ဘူး။ ရန်ပုံငွေ နည်းလည်း ကျင်းပရေးကော်မတီက မစိုးရိမ်ပါနဲ့။ လူငယ်တွေက ခုလို သက်ကြီးတွေကို ကန်တော့တာဟာ ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်တဲ့ အတွက် ဒီအစဉ်အလာမျိုးကို လိုချင်တာပါ။ ပိုက်ဆံ အဓိက မဟုတ်ဘူး။”ဟု အပူဇော်ခံမည့် သက်ကြီးစာရေးဆရာ ဗဂျီးကျော် (စစ်တွေ)က ပြောသည်။

အဆိုပါပူဇော်ပွဲကျင်းပနိုင်ရန် စစ်တွေရှိ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရခိုင်ပြည်နယ်)အပါအဝင် စစ်တွေမြို့နယ် စာရေးဆရာ အသင်းနှင့် ပြင်ပစေတနာရှင်တို့က ပူးပေါင်းပြုလုပ်ခြင်းဖြစ်သည်။

သက်ကြီးစာပီသမားများအား ပူဇော်ကန်တော့ပွဲပြုလုပ်ရာတွင် စေတနာရှင်များအနေဖြင့် ဖုန်း – ဝ၉၄၃၁၂၃၈၉၁၊ ဝ၉၈၅ဝ၁ဝ၄၉၊ ဝ၉၄၅ဝ၅၄၂၈၆၉၊ ဝ၉၂၅၃ဝ၈၂၈၆၅၊ ဝ၉၂၅၇၄၆၉၄၄၃၊ ဝ၉၄၅ဝ၅၃၉၆၈၂

နှင့် ဝ၉၄၂၅ဝ၁၉၅၂၇ တို့ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း  နှိုးဆော်ထားသည်။

ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...
စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...
ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...