အကြမ်းဖက်အဖွဲ့ငွေကြေးထောက်ပံ့သူတစ်ဦးဖမ်းဆီး၊ လက်နက်တစ်လက် ၀ါးပိတ်မှ ထပ်မံသိမ်းဆည်းရမိ

အကြမ်းဖက်အဖွဲ့ငွေကြေးထောက်ပံ့သူတစ်ဦးဖမ်းဆီး၊ လက်နက်တစ်လက် ၀ါးပိတ်မှ ထပ်မံသိမ်းဆည်းရမိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အကြမ်းဖက် သောင်းကျန်းသူများအား ငွေကြေးထောက်ပံ့နေသည်ဆိုသော လူတစ်ဦးကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ၎င်း၏ နေအိမ်အတွင်းမှ ဖမ်းဆီးရမိခဲ့သည်ဟု ကကပြည်မှ သတင်းထုတ်ပြန်သည်။

gunငွေကြေးထောက်ပံနေသည်ဆိုသောသူမှာ မောင်တောမြို့ မြို့မတောင် (၂) ရပ်ကွက်နေ မောင်မောင်စိန် (ခ) မူစာဘီ (၅၇) နှစ် (ဘ) အေယာ်ဇီအူလာ ဖြစ်ကြောင်း ကကပြည်က ပေးပို့သော သတင်းတွင် ဖော်ပြသည်။

၎င်းပြင် ခမရ (၃၅၂) စစ်ကြောင်း (၁)၊ ခွဲ (၁) နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့မှ မောင်တောမြို့နယ် ဇီးပင်ချောင်း (တောင်)ရွာကို နယ်မြေရှင်းလင်းရာ RSO သောင်းကျန်းသူ အဖွဲ့နှင့် ဆက်စပ်သူ လေးဦးကို ဖမ်းဆီးရမိသည်ဟု သိရသည်။

ယမန်နေ့ ညနေ ၄ နာရီခန့် က သတင်းအရ ဇီးပင်ချောင်း (တောင်)ရွာကို နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စီးနင်း တိုက်ခိုက်ရာတွင်ပါဝင်ခဲ့သည့် ဆွေယောဒူရီ(ဘ) အုံမော်အာသစ်၊ ဂူရာများ(ဘ) ကော်ရုံဂူလာ၊ MV ကော်မော်ရီဒိန်(ဘ)မာမတ်နှင့် မာမက်ဒူလာ(ဘ)အဒူဝါဆေး တို့ ၄ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် အနီးရှိ ၀ါဘိတ် (၀ါးပိတ်) ဘင်္ဂလီကျေးရွာမှ အမ်အေ ၁၁ အမျိုးအစား သေနတ်တစ်လက်၊ ကျည်အိမ်တစ်ခုနှင့် ကျည်ဆံ ၂၅ တောင့် သိမ်းဆည်းရမိသည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...