ပထမအကြိမ် မွန်ပါတီ EC အစည်းအဝေးကျင်းပပြီးစီး၊ ပါတီပေါင်းစည်းခွင့် အမြန်ဆုံးတင်ရန်ဆုံးဖြတ်

ပထမအကြိမ် မွန်ပါတီ EC အစည်းအဝေးကျင်းပပြီးစီး၊ ပါတီပေါင်းစည်းခွင့် အမြန်ဆုံးတင်ရန်ဆုံးဖြတ်
ပထမအကြိမ် မွန်ပါတီ EC အစည်းအဝေး(photo/MUC)
ပထမအကြိမ် မွန်ပါတီ EC အစည်းအဝေး(photo/MUC)

ပထမအကြိမ် မွန်ပါတီဗဟိုအလုပ်အမှုဆောင် EC အစည်းအဝေးကို မော်လမြိုင်မြို့၊ ပိုင်ခေတ်ခန်းမ၌ နိုဝင်ဘာ ၃ ရက်နေ့တွင် တစ်ရက်အတွင်းအပြီးသပ်ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ပါတီပေါင်းစည်းခွင့် လျောက်တင်ရန်နှင့် ဗဟိုကော်မတီအစည်းအဝေး ခေါ်ယူရန် ဆုံးဖြတ်ခဲ့ကြသည်။

မွန်ပါတီပြောရေးဆိုခွင့်ရှိသူ တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယီတမက “အဓိကအချက်တွေကတော့ အခုလ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ပါတီပေါင်းစည်းခွင့်ကို လျှောက်တင်ဖို့တာဝန်ပေးတယ်၊ ဒီလ ၂၄ ရက်နေ့မှာ ဗဟိုကော်မတီ CC အစည်းအဝေးခေါ်ဖို့ ဆုံးဖြတ်တယ်” ဟု ပြောသည်။

ထို့အတူ ၅ ဦးပါ ပါတီဖွဲ့စည်းပုံအခြေခံစည်းရေးဆွဲရေးကော်မတီကို ရွေးချယ်တာဝန်ပေးခဲ့ပြီး ရက်သတ္တနှစ်ပတ်အတွင်း အပြီးရေးဆွဲ၍ ပါတီဗဟိုကော်မတီအစည်းအဝေးသို့ အတည်ပြုသွားရန်ဖြစ်သည်ဟု ၄င်းကဆက်ပြောသည်။  

မွန်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ရဲဇော်က “လူဟောင်းတွေဆိုပေမယ့် ပါတီသစ်မှာဆိုတော့ အသစ်တွေလို့ပဲ ပြောချင်တာပေါ့နော်၊ အားလုံးက စိတ်ရှည်လက်ရှည်နဲ့ပူးပေါင်းပါဝင်လာတာ တွေ့ရတယ်၊ အရေးပါတဲ့ပုဂ္ဂိုလ်တွေအားလုံး တက်ရောက်ပါတယ်၊ ဆွေးနွေးတဲ့အခါမှာလည်း ကိုယ့်အုပ်စုသဘောထားထက် အမှန်တရားဘက်ကို ရပ်တည်ဆွေးနွေးပေးတဲ့ အနေအထားမျိုးကို တွေ့ရှိရတယ်” ဟု ဆိုသည်။  

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP, မွန်အမျိုးသားပါတီ MNP နှင့် မွန်ကိုယ်စားပြုပါတီအကောင်အထည်ဖော်ရေးအဖွဲ့တို့ပေါင်းစည်း၍ လွန်ခဲ့သည့်အောက်တိုဘာလ ၂၁ ရက်နေ့က မွန်ပါတီ Mon Party ဟုအမည်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင် ၆၁ ဦးရှိသည့်အနက် ယခုအစည်းအဝေးတွင် ၅၁ ဦးတက်ရောက်ခဲ့ခြင်း ဖြစ်သည်။

 

May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...