ညွှန်မှူးတစ်ဦးကို ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ပျက်ကွက်ရာမှ ငပလီဆေးရုံမှ လက်ထောက်ဆရာဝန်အား အဖွဲ့ ဖွဲ့၍ စစ်ဆေးမည်

ညွှန်မှူးတစ်ဦးကို ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ပျက်ကွက်ရာမှ ငပလီဆေးရုံမှ လက်ထောက်ဆရာဝန်အား အဖွဲ့ ဖွဲ့၍ စစ်ဆေးမည်

သံတွဲမြို့နယ် ငပလီဆေးရုံမှ လက်ထောက်ဆရာဝန်တစ်ဦးကို ဟိုတယ်ထိသွားရောက်ပြီး ပြန်ကြားရေး  ညွှန်မှူးတစ်ဦးအား ဆေးမကုသတဲ့အတွက် ခုံရုံးဖွဲ့စစ်ဆေးမယ်လို့ သိရပါတယ်။

သံတွဲမြို့နယ် (၂၅) ကုတင်ဆ့ံ ငပလီဆေးရုံမှ လက်ထောက်ဆရာဝန် (တာဝန်ခံ)  ဒေါက်တာစုနန္ဒာကျော်ကို ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို Silver Beach Hotel မှာ သွားရောက် ကျန်းမာရေး စောင့်ရှောက်မှု ပေးစေရန် လူမှုရေးဝန်ကြီး၏ လမ်းညွှန်ချက်အရ ဒုတိယခရိုင်ကုသရေးဦးစီးဌာနမှူးမှ (၂၀-၁၀-၂၀၁၈)ရက်နေ့တွင် ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒေါက်တာစုနန္ဒာကျော်က သွားရောက်ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့တဲ့ အတွက် နိုင်ငံဝန်ထမ်းနည်းဥပဒေ (၂၀၁၄ ခုနှစ် မတ်လ အခန်း – ၁၈) နဲ့ အညီ ဌာနဆိုင်ရာ စစ်ဆေးသွားမယ်လို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁ ရက် နေ့မှာ ပြည်နယ်ကုသရေး ဦးစီးဌာန (ရခိုင်ပြည်နယ်၊ စစ်တွေမြို့)ကနေ စာထုတ်ထားပါတယ်။

ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ ကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စစ်တွေမြို့မှ ဥက္ကဋ္ဌ ဒေါက်တာ သံလွင်မောင်၊ ဒုတိယပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ( ပြည်သူ့ကျန်းမာ) က ဥက္ကဋ္ဌ၊ အဖွဲ့ဝင်တွေ အဖြစ် ဒေါက်တာမိုးသူကျော် (အထူးကုဆရာဝန် (ကလေး)၊ ခရိုင်ပြည်သူ့ဆေးရုံ၊ သံတွဲမြို့နဲ့ ဒေါက်တာ အောင်ညီဟိန်း၊တိုက်နယ်ဆရာဝန်၊ ကွင်းဝိုင်း တိုက်နယ်ဆေးရုံ၊ သံတွဲမြို့တို့ ဖြစ်ကြပါတယ်။

ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့အနေနဲ့ မိမိတို့ရဲ့  စစ်ဆေးတွေရှိချက်၊ သုံးသပ်ချက်နဲ့  အကြံပြုချက်များ ပါရှိတဲ့ အစီရင်ခံစာသုံးစောင်နှင့် တင်ပြရမယ်လို့လည်း ပါရှိပါတယ်။

May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...