ရှားတောတွင် ကြွက်များတောင်ယာသီးနှံများ ထပ်မံဖျက်ဆီး

ရှားတောတွင် ကြွက်များတောင်ယာသီးနှံများ ထပ်မံဖျက်ဆီး
by -
ခူးဘဲရယ်

ရှား​တောမြို့နယ်​ ​မြောက်​ပိုင်​း​ကျေးရွာအုပ်​စုများရှိ စိုက်ခင်းများတွင် ကြွက်များ ထပ်မံဝင်ရောက်ဖျက်ဆီးခဲ့ပြီး နောက်နှစ်စပါးမျိုးစေ့များ ပြန်ရနိုင်ရန် အခက်အခဲရှိနိုင်ကြောင်း သိရသည်။

” ဟိုးအရင်​နှစ်​​တွေလဲ ကြုံခဲ့ရဖူးတယ်​ဒါ​ပေမဲ့ ဒီနှစ်​က အဆိုးဆုံးပဲ ခုမှ စပါး စသီးတုန်​းရှိ​သေးတယ်​ ကြွက်​​တွေ ဖျက်​လိုက်​လို့ ဘာမှ မကျန်​​တော့ဘူး​။ နောက်​နှစ်​စပါးမျိုး​တောင်​ ကျန်​ပါဦးမလားမသိဘူး” ​​ ဟု ​ဒေါမူလဲ​ကျေးရွာ​နေ ဦးထယ်​ရယ်​မှ ​ပြောသွားပါသည်​။

ရှားတောမြို့နယ် မြောက်ပိုင်းကျေးရွာအုပ်စုများသည် အသက်မွေးဝမ်းကျောင်းအဖြစ် တောင်ယာစပါးစိုက်ပျိုးခြင်းကိုသာ လုပ်ဆောင်နေကြသည်။ တောင်သူများက ကြွက်သတ်ဆေးအမျိုးမျိုးသုံးသော်လည်း ထိရောက်မှုမရှိကြောင်း သိရသည်။

“ကြွက်​သတ်​​ဆေးလဲ သုံးတယ်​ ​ဆေးလဲဖျန်​းတယ်​ ဒါ​ပေမဲ့ ​ခွေး​တွေသွားစားမိလို့ ​ခွေးပဲ​သေတယ်​ ကြွက်​အတွက်​ထိ​ရောက်​မူမရှိဘူး”ဟု ဦးထယ်​ရယ်​မှ ဆက်​လက်​​ပြောသွားပါသည်​။

​”ကျမတို့က ဒီကစပါး ဒီကဆန်​​တွေပဲစား​နေကြ ဆို​တော့ တခြားဆန်​​တွေ မစားတတ်​ကြဘူး စားရင်​လဲဗိုက်​မပြည့်​့သလိုခံစားရတယ်​ ဒါ​ပေမဲ့ ဒီနှစ်​​တော့မဖြစ်​မ​နေဝယ်​စားရ​တော့မယ်​”ဟု​ ဒေါတ​နော​ကျေးရွာ​နေ ​ဒေါ်ဆော်​မယ်​ မှ ​ပြောသွားပါသည်​။

ယခင်၂၀၁၄ခုနှစ်တွင် ကြွက်များဖျက်ဆီးမှုကြောင့် လွှတ်တော်ကိုယ်စားလှယ်မှ ကြွက်သတ်ဆေးများကို ဒေသခံတောင်သူများကို သွားရောက်ပေးအပ်ခဲ့သေးသည်။ ထို့အပြင် ကြွက်ဖျက်ဆီးမှုကြောင့် ချေးငွေများပြန်မဆပ်နို်င််သည့် တောင်သူများကို ချေးငွေများလျော်ပေးခြင်းများလည်း ရှိခဲ့သည်။

ကြွက်ဖျက်ဆီးသည့် ကျေးရွာများမှာ နန်​းအွမ်​​ကျေးရွာ၊ ​ဒေါဝယ်​​ရော​ကျေးရွာ၊ ​ဒေါမူလဲ​ကျေးရွာ၊ ​ဒေါတ​နော​ကျေးရွာနှင့် ​ဒေါ​နော်​ကလု​ကျေးရွာ စသည်​့ ​တောင်​​ပေါ်​ကျေးရွာများတွင်​ စပါးဖျက်​ကြွက်​များ ဖျက်​ဆီးခြင်​း​ကြောင်​့ စပါးစိုက်​​တောင်​သူများ အခက်​အခဲနှင်​့ကြုံ​တွေ့​နေရ​ကြောင်​း သိရှိရသည်။

၎င်းကျေးရွာများတွင် ၂၀၀၈ ခုနှစ်​တွင်​တစ်​ကြိမ်​ ၂၀၁၆ ခုနှစ်​တွင်​တစ်​ကြိမ်​ ကြွက်​ဖျက်​ဆီးမူများကြုံ​တွေ့ခဲ့ရပြီး ယခု ၂၀၁၈ ခုနှစ်​ကြွက်​ဖျက်​ဆီးမူသည်​ ပျက်​စီးမူအများဆုံးနှင်​့ အကြီးမားဆုံးဖျက်​ဆီးမှု ဖြစ်​​ကြောင်​းသိရပါသည်​။

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...