နယ်စပ်ဒေသ နံ့သာတောင် ပရဟိတကျောင်းမှ ကျောင်းသား ၅ ဦး ဘွဲ့ရရှိ

နယ်စပ်ဒေသ နံ့သာတောင် ပရဟိတကျောင်းမှ ကျောင်းသား ၅ ဦး ဘွဲ့ရရှိ
by -
စိုးဇံအောင်(တောင်ကုတ်)

ရခိုင်ပြည်နယ် အနောက်ဘက် အစွန်ဆုံး မောင်တောမြို့နယ် နံ့သာတောင် ပညာဒါနပရဟိတကျောင်းမှ မွေးထုတ်ပေးလိုက်သော ကျောင်းသား/ ကျောင်းသူ ၅ ဦးသည် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) မှ သက်ဆိုင်ရာဘာသာရပ်များအလိုက် ဘွဲ့အသီးသီး ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

သူတို့အပါအဝင် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)၏ (၁၃)နှစ်မြောက်ဝိဇ္ဇာ၊ သိပ္ပံတွဲ ဘွဲနှင်းသဘင်နှင့် အင်ဂျင်နီယာဒီပလိုမာအောင် ကျောင်းသားများကို အောက်တိုဘာ ၂၉ ရက်နေ့က ဘွဲ့လက်မှတ်များ အသီးသီး ချီးမြှင့်ခဲ့သည်။

နံ့သာတောင်ပရဟိတကျောင်းမှ ဘွဲ့ရရှိခဲ့သည့် ကျောင်းသား/ကျောင်းသူ ၅ ဦးမှာ မောင်အေးဆန်း (မြန်မာစာဘွဲ့)၊ မောင်အောင်မင်းသန့် (မြန်မာစာဘွဲ့) (၃) မောင်သန့်ဇင်အောင်(သချင်္ာဘွဲ့) (၄)မောင်မင်းဒီကျော် (စက်မှုအင်ဂျင်နီယာဘွဲ့) နှင့် (၅)မတင်တင်ဝင်း(B.E.D) တို့ဖြစ်ဖြစ်ကြသည်။

"အခုဘွဲ့ရရှိခဲ့တဲ့ ကျောင်းသားတွေကို ဦးဇင်းတို့က ၂၀၁၃ ခုနှစ်မှာ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ကို ပို့ပြီးကျောင်း ထားခဲ့ပါတယ်။အခုတော့ သူတို့တွေဘွဲ့ရခဲ့ပြီဖြစ်ပါ

တယ်။ဦးဇင်းတို့ ပြုစုပျိုးထောင်ပေးလိုက်တဲ့ လူငယ် တွေ အခုလို ဖြစ်မြောက်အောင်မြင်သွားတဲ့အတွက်တကယ် ဝမ်းသာမိပါတယ်"
ဟု နံ့သာတောင်ဆရာတော် ဦးစရဏပညာဒါနက နိရဥ္စရာသို့ပြောသည်။

ထိုသို့ ဘွဲ့ရပြီးကျောင်းဆင်းလာသူများသည် ရခိုင်ပြည် နယ်မောင်တောမြို့နှင့်ဘူးသီးတောင်ဒေသများတွင်သက်ဆိုင်ရာ ဌာနများ၌ တာဝန်ထမ်းဆောင်သွားမည် ဖြစ်ကြောင်း ဦးစရဏပညာဒါန က နိရဥ္စရာသို့ ပြောသည်။

"သူတို့တွေအခုလို ပညာတတ်သွားတဲ့အခါမှာ ကိုယ့် နေရာ ကိုယ့်ဒေသရဲ့ သက်ဆိုင်ရာလုပ်ငန်းတွေမှာပြန်ပြီး အကျိုးပြုသွားမှာပါ။ သူတို့ကို ကိုယ့်နေရာကိုယ့် ဒေသမှာ ပြန်လည် တာဝန်ထမ်းဆောင် နိုင်ဖို့အတွက် နေရာချပေးဖို့ ပညာရေး ဝန်ကြီးဌာနကို ဆရာတော်တို့က တောင်းဆိုထားပါတယ်။ သူတို့လည်း တကယ်ကို နေရာချပေးပါတယ်။ အဲ့တော့ အခုအောင်မြင်လာတဲ့သူတွေဟာ ကိုယ့်ဒေသကို ပြန်လည်အကျိုးပြုပြီး တာဝန်ထမ်းဆောင်သွားမှာပါ" ဟု ဆရာတော်က ဆက်ပြောသည်။

နံ့သာတောင်ကျောင်းတွင် စာသင်ကြားနေသော ကျောင်းသားကျောင်းသူဦးရေမှာ အလယ်တန်းကနေ အထက်တန်းထိ ၄၀၁ ဦးရှိပြီး လက်ရှိတွင် စေတနာရှင်များ၏ ကူညီလှူဒါန်းမှုများဖြင့် ရပ်တည်နေသော ကျောင်းဖြစ်ကြောင်း သိရသည်။

နံ့သာတောင်ပရဟိတကျောင်းကို ၂၀၁၂ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး ၄င်းကျောင်းမှ တက္ကသိုလ်များသို့ ကျောင်းသား ကျောင်းသူ ၈၀ ထိပို့ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...
စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...
ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...