ဆိုင်ကယ်သူခိုးအားလက်ရဖမ်းပြီး လမူးရဲစခန်းကို အပ်သော်လည်း တစ်စုံတစ်ရာ အရေးမယူဘဲ ပြန်လွတ်လိုက်သဖြင့် ရဲတပ်ဖွဲ့၏ လုပ်ရပ်အပေါ် ဒေသခံပြည်သူများစိတ်ပျက်ဟုဆို

ဆိုင်ကယ်သူခိုးအားလက်ရဖမ်းပြီး လမူးရဲစခန်းကို အပ်သော်လည်း တစ်စုံတစ်ရာ အရေးမယူဘဲ ပြန်လွတ်လိုက်သဖြင့် ရဲတပ်ဖွဲ့၏ လုပ်ရပ်အပေါ် ဒေသခံပြည်သူများစိတ်ပျက်ဟုဆို

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ လမူးကျေးရွာတွင် ဆိုင်ကယ်ခိုးသူအား ရွာသားများက လက်ပူး လက်ကြပ်ဖမ်းပြီး လမူးရဲစခန်းကို သွားအပ်သော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိသဖြင့် ရွာသားများအနေဖြင့် အထူး စိတ်ပျက်နေကြသည်ဟု ကျေးရွာသားတစ်ဦးဖြစ်သူ ဦးမောင်ဆန်းမြင့်က နိရဥ္စရာသို့ ပြောကြားသည်။

အောက်တိုဘာ ၂၆ ရက် ညဉ့် ၁၁နာရီ အချိန်ခန့်တွင်၊ တောင်ကုတ်မြို့နယ်၊ လမူးရွာ၊ အမှတ်(၄) ရပ်ကွက်နေ ဦးပွင့်ဖူးနေအိမ်သို့ တောင်ကုတ်မြို့နယ်၊ ဒုံကျေးရွာမှ နေဝင်းသူ(ဘ)သန်းဇော်ဦး (၂၂) နှစ်မှ ဝင်ရောက်ဆိုင်ကယ်ခိုးယူရာ ရွာသားများက ဝိုင်းဝန်းဖမ်းဆီးပြီး လမူးအုပ်ချုပ်ရေးမူးကိုဌေးနှင့်အတူ လမူးရဲစခန်းသို့ သွားရောက်အပ်နှံခဲ့ကြောင်း၊ သို့သော်လည်း ရဲစခန်းမှူးမှ အမှုဖွင့်မပေးဘဲ သူခိုးအား အချုပ်ထဲတစ်ညချုပ်ကာ ပြန်လွတ်ပေးခဲ့ကြောင်း ၎င်းကပြောဆိုသည်။

“ ကျွန်တော်တို့ရွာအပါအဝင် ဒီဒေသမှာ ဆိုင်ကယ်ပျောက်မှုက နေ့တိုင်းဖြစ်နေပါတယ်။ ပျောက်တိုင်းလည်း ရဲက ဖော်ထုတ်ဖမ်းဆီး အရေးယူပေးနိုင်တာ တစ်ခါမှ မရှိပါဘူး။ ဖမ်းမိပြီးအပ်ရင်လည်း အမျိုးမျိုးဆင်ခြေတွေပေးပြီး ပြန်လွတ်လိုက်ပါတယ်။ ခုလို လုပ်နေတဲ့ အပေါ် ကျွန်တော်တို့ ရွာကလူတွေ အထူးစိတ်ပျက်နေကြပါတယ်” ဟု ဦးမောင်ဆန်းမြင့်က ပြောကြားသည်။

အလားတူ ယခုနှစ် စက်တင်ဘာလအတွင်းကလည်း လမူး၊ အမှတ် (၄) ရပ်ကွက်၊ ရွာတန်းရှည်မှ ဆိုင်ကယ် တစ်စီးအား ခိုးယူမှု ဖြစ်ပွားရာ ရွာသားများမှ အမှတ်၅ရက်ကွပ်မှ ဆိုင်ကယ်ခိုးသူအား လမူးရဲစခန်းသို့ အပ်သော်လည်း ရဲစခန်းမှူးမှ သူခိုးအားအရေးယူပေးခြင်းမရှိပဲ အချုပ်ထဲမှပြန်လွတ်ပေးခဲ့ကြောင်း ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သိရှိနိုင်ရန် လမူးရဲစခန်းသို့ ယမန်နေ့နံနက် ၉ နာရီက အကြိမ်ကြိမ် ဆက်သွယ်ရာ “လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထားပါတယ်” ဟု ဆိုကာ အကြောင်း ပြန်သဖြင့် မေးမြန်းတင်ပြနိုင်ခြင်းမှာ မရှိပါ။

May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...