ကချင် ထိုးစစ် ချက်ချင်း ရပ် ရေး မိုးမောက် ပြည်သူများ ဆန္ဒပြ

ကချင် ထိုးစစ် ချက်ချင်း ရပ် ရေး မိုးမောက် ပြည်သူများ ဆန္ဒပြ
by -
ကေအဲန်ဂျီ
ကချင်ဒေသ တပ်မတော် ထိုးစစ် ရပ်ပေးရန် ဗန်းမော်ခရိုင်၊ N’Mawk (မိုးမောက်မြို့) ဒေသခံ ပြည်သူများ ယနေ့ အောက်တိုဘာ ၂၁ ရက်နေ့ နံနက်ပိုင်းမှာ ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲကို ကြွေးကြော် မှု မပြုဘဲ ပိုစတာများ ဖြင့်သာ ဒေသခံ ကချင်၊ ရှမ်း နှင့် စစ်ပြေးဒုက္ခသည် စုစုပေါင်း ၅၀၀ ခန့် ပါဝင်ပြီး ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခဲ့ကြ ခြင်းဖြစ်သည်။

စီတန်း လှည့်လှည်စဉ် ကိုင်ဆောင်ခဲ့သော ပိုစတာများမှာ “ကချင်ဒေသတွင်း ထိုးစစ်တိုက်ပွဲ ချက်ချင်းရပ်၊ ငြိမ်းချမ်းရေး လိုချင်သည်၊ အမျိုးသမီးများ လုံခြံုမှု ရရှိရေး၊ နိုင်ငံရေးကို စစ်ရေးဖြင့် ဖြေရှင်းမှု အလိုမရှိ” စသည်တို့ ဖြစ်သည်။

စစ်ပြေး ဒုက္ခသည်များအတွက် သာမက ပြည်သူအားလုံးအတွက်ပါ ငြိမ်းချမ်းရေး အလွန်လိုအပ်နေကြောင်း ယခု ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည့် ဒေသခံ လူထုအခြေပြု အမျိုးသမီးအဖွဲ့မှ Jan. Nang Bawk (ဒေါ် နန်ဘောက်) က ပြောသည်။

“ငြိမ်းချမ်းရေး ရှိမှ စိုးရိမ်စရာ မရှိတော့ဘူး။ အခွင့်အရေးတွေလည်း ရှိလာမယ် ငြိမ်းချမ်းရေးမရှိ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် IDPs တွေများလာတယ်။ IDPs တွေအတွက် ကမ္ဘာအရပ်ရပ်က ကူညီတာတွေလည်း လျှော့နည်းလာပြီ။ အဲလို အခက်အခဲတွေများလာတဲ့ အတွက် ငြိမ်းချမ်းရေးကို လိုချင်လို့ အခုလို ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်တယ်”

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ N’Mawk (မိုးမောက်) မြို့နယ်မှာ ၂၀၁၁ ခုနှစ် မြန်မာ အစိုးရတပ် နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား တစ်ကြော့ပြန် တိုက်ပွဲ စတင်ခဲ့သော နေရာ ဖြစ်သည်။

ယနေ့ ဆန္ဒပြပွဲသည် N’Mawk (မိုးမောက်မြို့) ဒေသခံ ပြည်သူများ ၏ ပထမ ဦးဆုံးသော လူထု လှုပ်ရှားမှု ဖြစ်သည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...