၂၄ နာရီအတွင်း ရခိုင်ကို မုန်တိုင်းငယ်ဝင်နိုင်

၂၄ နာရီအတွင်း ရခိုင်ကို မုန်တိုင်းငယ်ဝင်နိုင်

ဧရာဝတီတိုင်းဒေသကြီးသို့ ယနေ့ဝင်ရောက်နေသော မုန်တိုင်းငယ်သည် နောက် ၂၄ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်နိုင်ကြောင်း သိရသည်။

"ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းကို ဖြတ်ကျော်ပြီးရင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းကို ပြန်ရောက်သွားပြီး ၂၃ ရက်နေ့မှာတော့ ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းဖြတ်ကျော်ချိန်အတွင်း ရေပြင် မြေပြင်လေ တစ်နာရီလျှင် မိုင်လေးဆယ် ဝန်းကျင်ရှိနိုင်ပါတယ်"ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူ းချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောသည်။

သို့ပါ၍ ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် ကမ်းရိုးတန်းနေ ပြည်သူများ သတိပြု ကြရန် မိုး/ဇလက သတင်းထုတ်ပြန်ထားသည်။

"မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခြင်းl မိုးသည်းထန်ခြင်းတွေရှိမယ်။ ရခိုင်မှာ အထူးသတိ ထားသင့်တာက မိုးကြိုး အန္တရာယ်ပါ။ ရခိုင်က ကွင်းပြင်ကျယ်တွေ စားကျက်မြေတွေ များတဲ့အတွက် မိုးကြိုးသက်ရောက်နိုင်တဲ့ ဒီလိုနေရာတွေ မသွားလာဘဲ ဂရုစိုက်နေထိုင်သင့်တယ်။ နောက်ပြီး မြေပြိုမှု ဖြစ်ပွားနိုင်တဲ့ ကုန်းမြင့်တောင်စောင်းအခြေတွေမှာ နေထိုင်မှုမပြုသင့်ဘူးလို့ အကြံပြုချင်ပါတယ်" ဟု ရန်ကုန် မိုး/ဇလဌာနမှ ဦးစိုးသိန်းက နိရဥ္စရာ သတင်းဌာနမှ တစ်ဆင့် အကြံပြု ပြောဆိုသည်။

မိုးကြိုးပစ်မှုကြောင့် ရခိုင်ပြည်နယ်တွင် စက်တင်ဘာလနှောင်းပိုင်းက (၅) ရက်အတွင်း လူ (၅) အသက်ဆုံးရှုံးခဲ့ရသည်။

၂၀၀၉ ခုနှစ်ကလည်း ရခိုင်ပြည်နယ်သို့ ဂီရိမုန်တိုင်း ဝင်ရောက်ခဲ့ပြီး လူဦးရေ တစ်သိန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။

Most read this week

September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...
ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...
စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...