အလုပ်ပါးခြင်းကြောင့် စားဝတ်နေရေးအတွက် ဝဥရှာထွက်ကြ

အလုပ်ပါးခြင်းကြောင့် စားဝတ်နေရေးအတွက် ဝဥရှာထွက်ကြ
by -
ခူးစိုးရယ်ဦး
ဝဥများကို မြို့နယ်စျေးများထိ လာရောက်ဝယ်ယူကြသည့် စျေးသည်ကားများကိုတွေ့ရစဉ်
ဝဥများကို မြို့နယ်စျေးများထိ လာရောက်ဝယ်ယူကြသည့် စျေးသည်ကားများကိုတွေ့ရစဉ်

ယခုလများအတွင်း ဖရူဆိုမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ အလုပ်ရှားပါးခြင်းကြောင့် တောင်ယာအလုပ်အစား တောတွင်းရှိ ဝဥများကို လိုက်လံရှာဖွေစုဆောင်းကာ ရောင်းချနေကြောင်း သိရသည်။

“ကျွန်တော်တို့ အလုပ်ပါးလို့ လိုက်ရှာတာပေါ့၊ နည်းနည်းပါးပါးရရင်လည်း မဆိုးဘူးလေး၊ ဒါပေမယ့် သွားလိုက်ရှာတဲ့အခါဆို တော်တော်အခက်အခဲ ရှိတာပေါ့၊ တောင်ကြိုတောင်ကြားမှာ သွားရတာမျိုးလည်း ရှိပါတယ်” ဟု ကေးလျားကျေးရွာနေ ဦးကိုရယ်ကပြောပါသည်။

ယခုချိန်ခါတွင် ဒေသခံတောင်သူများ စိုက်ပျိုးပြီးချိ်န်ကာလဖြစ်၍ ၎င်းတို့ ထွေထွေထူးထူး လုပ်စရာအလုပ်မရှိဘဲ ယင်းစိုက်ပြီးပျိုးပြီးသော သီးနှံများကိုသာစောင့်ကြည့်ရ၍ အလုပ်ပါးသည်ဟု တောင်သူအချို့က ဆိုပါသည်။

ကုန်စည်ဒိုင်မှ မြေပဲ၊ နှမ်း၊ ပဲ၊ ဒညင်းသီးနှင့် အခြားတောထွက်ပစ္စည်းများကို ရာသီအလိုက် ဝယ်ယူကြသည်။ ယင်းကုန်များအပေါ် အခြေခံကာ တနေ့လျင် နေ့စားခ ကျပ် တစ်သောင်းဝန်းကျင်ခန့် အမြတ်ရကြောင်း ကုန်စည်ဒိုင်များက ဆိုသည်။

“ခုလောလောဆယ်တော့ ကုန်သိပ်မရှိဘူးပေါ့၊ ရာသီအလိုက်ထွက်တော့ ကြုံရာဝယ်ရတာပေါ့၊ စျေးပါးလိုက်တဲ့အချိန်ဆို အခက်တွေ့တယ်၊ ကားခလေးပြန်နုတ်လိုက်ရင်တော့ နေ့စားခလောက်ပဲ ရတာပေါ့” ဟု လွိုင်ကော် ရွာတန်းရှည်ကျေးရွာနေ ဒေါ်နန်းအောင်ကပြောပါသည်။

အဆိုပါ ဝဥများကို နှစ်မျိုးခွဲ၍ ဝယ်ယူကြသည်။ အစိုနှင့် အခြောက်ဟူ၍ အမျိုးအစားနှစ်မျိုးရှိပြီး ဝဥအစိုတစ်ပိဿလျှင် ၁၀၀၀ ကျပ်ဖြစ်ခန့် စျေးပေါက်ပြီး အခြောက်တစ်ပိဿလျှင် ၆၀၀၀ ကျပ်အထိရှိကြောင်း သိရသည်။ ဒေသခံများ ရလာသောဝဥများကို ကုန်စည်ဒိုင်သို့ တိုက်ရိုက် ရောင်းချခြင်းများက ပိုများသည်ဟု သိရသည်။

ဝဥများကို ဒိုင်များကတစ်ဆင့် အချောပြန်သပ်ပြီးတစ်ဆင့် ပြန်ရောင်းကြကြောင်း သိရသည်။ ဝဥအစိုများကို ပါးပါးလှီးကာ အခြောက်လှမ်းကြပြီး တရုတ်နိုင်ငံသို့ တင်ပို့ကြကြောင်း သိရသည်။

ယခုလတွင် ဖရူဆိုမြို့နယ်အတွင်း ဒေသခံတောင်သူများ အလုပ်ရှားပါးနေ၍ တောင်ယာအလုပ်အစား ဝဥများကိုလိုက်လံရှာဖွေကြပြီး ရောင်းကြသည်။ ဝဥသည် ယခင်နှစ်ထက် စျေးနှစ်ဆ ပိုမိုမြင့်တက်လာပြီး တစ်ပိဿလျင် ၆၀၀၀ ကျပ် ရှိသည်ဟုသိရသည်။

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...