နောင်ယားစျေးရှိ ဆိုင်ခန်းခများ ယနေ့ထိအကြေမပေးဆောင်ပါက ပြန်လည်သိမ်းဆည်းမည်

နောင်ယားစျေးရှိ ဆိုင်ခန်းခများ ယနေ့ထိအကြေမပေးဆောင်ပါက ပြန်လည်သိမ်းဆည်းမည်

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယာစျေးဆိုင်ခန်းများကို လေလံတင်ရောင်းချရာ ယခုလ အောက်တိုဘာလ ၁၅ရက်နေ့ နောက်ဆုံးထားကာ ဆိုင်ခန်းခများလာရောက်ပေးသွင်းကြရမည်ဖြစ်ကြောင်း မပေးသွင်းနိုင်ပါက ဆိုင်ခန်များကို အထက်မှ ညွှန်ကြားသည့်အတိုင်း ပြန်လည်သိမ်းဆည်းမည်ဖြစ်ကြောင်း ကယားပြည်နယ်၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာနမှ စျေးသူစျေးသားများ သိစေရန် စာထုတ်ပြန်ခဲ့သည်။

ဆိုင်ခန်းခမတတ်နိုင်သေးသည့် စျေးသည်များမှ အောက်တိုဘာလ ၁၅ရက်နေ့တွင် နောက်ဆုံးပေးသွင်းရမည့်အပေါ် အဆင်မပြေကြောင်း ကန္တာရဝတီတိုင်းမ်သို့ ပြောကြားသည်။

̏ တစ်လကို ဆိုင်ခန်းတွေက နှစ်သိန်းကျပ် ခုံပေါ် အခန်းက ၄ သောင်းကျပ် သွင်းရပါတယ် ငွေဆက်မသွင်းနိုင်ရင် မသွင်းနိုင်တဲ့ ဆိုင်ခန်းတွေ သွင်းပြီသားငွေ ပြန်မရတဲ့ ဆိုင်ခန်းကိုလည်း ပြန်သိမ်းမှာပါ။ ကယားပြည်သူ ပြည်သားများအတွက် ငွေမသွင်းနိုင်တဲ့ စျေးသူစျေးသားတွေ ဒုက္ခရောက်တော့မယ်˝ ဟု နောင်ယားရပ်ကွက်နေ စျေးသည်တစ်ဦးက ပြောသည်။

စျေးဆိုင်ခန်းခကို အရစ်ကျပေးသွင်းရပြီး စတုတ္တရစ်ထိ အကြေမပေးဆောင်နိုင်သည့် စျေးသည်များအား စျေးဆိုင်ပြန်လည် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးနီထွန်းက ပြောပါသည်။

̏ ဒီနေ့ (အောက်တိုဘာလ ၁၅ရက်နေ့တွင်) ရုံးချိန်ထိ လာသွင်းလို့ရသေးတယ်၊ ဒီ ၁၅ရက်နေ့ကျော်ရင် သိမ်းဆည်းခွင့်ပြုကြောင်း စာထပ်ရောက်လာပြီဆိုတာနဲ့ ကျွန်တော်တို့ညွှန်ကြားချက်အတိုင်း လုပ်ပါမယ်။ အဲ့နောက်ပိုင်းကျရင်တော့ ငွေသွင်းခွင့်မပြုတော့ပါဘူး˝ ဟု ၎င်းကပြောသည်။

စျေးဆိုင်ခန်းများကို ၁ဝပေပတ်လည်နှင့် ၅ပေ ရပေဆိုင်ခန်းများဖြင့် လေလံပစ်ကြောင်း သိရသည်။ စတုတ္တအရစ်ထိ ငွေသွင်းရန်ကျန်ရှိသူများကို ဒဏ်ကြေးအဖြစ် ယခုလကုန်အထိ ဆောင်စေကြောင်း သိရသည်။

ဆိုင်ခန်းခ အကြေမပေးဆောင်နိုင်ပြီး သိမ်းဆည်းမည့် ဆိုင်ခန်းခများကို ပြန်လည်မပေးဆောင်ကြောင်း ပြည်နယ်စည်ပင် ဒု ဦးစီးမှူး ဒေါ်စိုးစိုုးအေးက ပြောသည်။

̏ ဆိုင်ခန်းခတွေကို စျေးသည်တွေကို ပြန်မအမ်းပါဘူး၊ ဒီငွေတွေက ပြည်နယ်အစိုးရရဲ့ ငွေစာရင်းခေါင်းစဉ်အောက်မှာ ပြန်ဝင်မှာပါ။ ဘာလို့ဆို ပြည်နယ်အစိုးရကပဲ သူတို့ငွေနဲ့ ဆောက်ထားတာမို့လေ˝ ဟု ၎င်းက ကန္တာရဝတီတိုင်းမ် သို့ ပြောသည်။

̏ ကျွန်တော် အရင်လတွေက ငွေကိုပုံမှန်သွင်းနိုင်တယ် အခုတော့ ဆိုင်ခန်းငွေမသွင်းနိုင်လို့ ဆိုင်ခန်းဆုံးတော့မယ်˝ ဟု စျေးသည်တစ်ဦးက ကန္တာရဝတီတိုင်မ်းသို့ ပြောပါသည်။

ဆိုင်ခန်းခများမှာ ၁ဝပေပတ်လည်ဆိုင်ခန်းတစ်ခန်း ၂၄သိန်းဖြစ်ပြီး တစ်လ ၂သိန်းနှုန်း ၁၂ အရစ်ကျပေးဆောင်ရပြီး၊ ၅ပေ ရပေဆိုင်ခန်းများကိုမူ ၄သိန်း ၈သောင်း(၄၈၀၀၀၀)ကျပ်၊ တစ်လ ၄ဝဝဝဝကျပ်နှုန်းဖြင့် အရစ်ကျပေးသွင်းစေကြောင်း သိရသည်။

May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...