တောင်ကုတ်-လမူး အစိုးရရဲဝန်ထမ်းလိုင်းခန်းတွင် လျှပ်စစ်မီးတပ်ဆင်ခ ရဲတပ်ဖွဲ့ဝင်များကျခံရဟုဆို

တောင်ကုတ်-လမူး အစိုးရရဲဝန်ထမ်းလိုင်းခန်းတွင် လျှပ်စစ်မီးတပ်ဆင်ခ ရဲတပ်ဖွဲ့ဝင်များကျခံရဟုဆို

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ လမူးနယ်မြေရဲစခန်း ရဲမိသားစုများနေထိုင်သော လိုင်းခန်းများတွင် တပ်ဆင်သော မီးကြိုးခ၊ မီးချောင်းခများကို ရဲတပ်ဖွဲ့ဝင်များမှ ကျခံရသဖြင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အထူး အခက်ကြုံနေရသည်ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ ကျွန်တော်တို့ လစာရတာက နှစ်သိန်းခန့်ပါ။ အဲဒီအထဲက မီးကြိုး၊ မီးသီးနဲ့လျှပ်စစ်မီးတပ်ဆင်ခဆိုပြီး ကျပ် ၆၀၀၀၀ ၊ ၄၀၀၀၀ စသဖြင့် အဲသလို တစ်ဦးစီက ပေးရပါတယ်။ ကျွန်တော်တို့မှာ မိသားစုတွေနဲ့ ခုလို လစာထဲကနေ ပေးလိုက်ရတော့ အထူးအခက်အခဲ ဖြစ်နေကြရပါတယ်” ဟု သူက ပြောကြားသည်။

လစာ ၂ သိန်းတွင် သားသမီးများ ပညာသင်ကြားရေး၊ မိသားစု စားစရိတ်ဖြင့် မလောက်ငှဘဲ ဖြစ်နေချိန်တွင် ယခုကဲ့သို့ ပေးဆောင်ရ၍ အခက်အခဲများစွာ ဖြစ်ပေါ်နေရသည်ဟု သူက ဆိုသည်။

“ ကျွန်တော်တို့က သိပ်အခက်အခဲရှိတဲ့ အတွက် ပြောရတာပါ။ အစိုးရလိုင်းခန်းမှာ မီးကြိုးသွယ်တာ ကျွန်တော်တို့က ပေးရတာမျိုးက မဖြစ်သင့်ပါဘူး။ စခန်းမှူးကလည်း စခန်းတွင်း မီးကြိုးတပ်ဆင်မယ်ဆိုပြီး နယ်ထိန်းခေါင်းဆောင်တပ်ကြပ်ကြီးနဲ့ ပေါင်းပြီး နွားကုန်သည်၊ သစ်ကုန်သည်တွေဆီက အကူညီတောင်းတာ ငွေ ၁၅ သိန်းလောက်ရတယ်လို့ ကြားရပါတယ်။ ဒါပေမယ့် ရလာတဲ့ အခါ အဲဒီငွေက မပေးဆောင်ဘဲ ကျွန်တော်တို့ဆီက ဖြတ်ပါတယ်” ဟု ၎င်းရဲတပ်ဖွဲ့ဝင်က ဆက်လက်ပြောကြားသည်။

ယခုကဲ့သို့ မီဒီယာသို့ ပြောကြားရခြင်းမှာ အထက်လူကြီးများ သိရှိစေလို၍ ဖြစ်ကြောင်း၊ အထက်လူကြီးများ စစ်ဆေးရန်လာပါကလည်း အမှန်အတိုင်း ဖွင့်ပြောရန် အဆင်သင့်ရှိကြောင်း ၎င်းရဲတပ်သားက ပြောကြားသည်။

EPC မှ နေအိမ်လှိုင်းများ အတွက် မီးတပ်ဆင်ခ များမကြာမီက မီးဘောင်ချာပေးရန် လာရောက်ခဲ့ရာ စခန်းမှူးက ၎င်းနှင့် မဆိုင်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များ လက်ကို ထိုးအပ်သဖြင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးစီမှ ၄၀၀၀၀ ကျပ်၊ ၆၀၀၀၀ ကျပ် စသဖြင့် ပေးအပ်ခဲ့ရသည်ဟု ဆိုသည်။

Most read this week

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...