ပွဲခွင့်ပြုမိန့် ကြန့်ကြာမှု ဖြေရှင်းပါ

ပွဲခွင့်ပြုမိန့် ကြန့်ကြာမှု ဖြေရှင်းပါ

လက်ရှိ ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ ဟိုတယ်များတွင် ဆွေးနွေးပွဲများ ၊ဟောပြောပွဲများပြုလုပ်လိုလျှင် ပြည်နယ်အစိုးရသို့ ၁၅ရက်ကြို တင်ကာ စာတင်ရမည်ဖြစ်ကြောင်း ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ဘာသာရေးအဆောက်အဦးများတွင် နိုင်ငံရေးနှင့်ပတ်သက်သည့် ဆွေးနွေးဟောပြောပွဲများ မပြုလုပ်ရန် တားမြစ်ပိတ်ပင်ခဲ့သည်။ ပြည်နယ်အတွင်းရှိ NGO၊ INGOနှင့် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် လူမှုရေးနှင့် အသိပညာပေးသင်တန်းများ ပြုလုပ်ရာတွင် ခွင့်ပြုမိန့်များ စောင့်ဆိုင်းနေရခြင်းကြောင့် အခက်အခဲကြုံနေကြရသည်။

အစည်းအဝေးပွဲလုပ်ရန် ၁၅ရက်ကြိုတင်ကာ စာတင်ရမည်ဖြစ်သော်လည်း၎င်းတို့ အစိုးရဘက်မှ ၎င်းရက်အတွင်း အကြောင်းမပြန်နိုင်ခြင်းကြောင့်အဖွဲ့အစည်းများက အခြားပြည်နယ်ဘက်ကို ပြောင်းရွှေ့ကာပြုလုပ်ရန် စဉ်းစာလာကြပြီဖြစ်သည်။

သင်တန်း၊ ဟောပြောပွဲ၊ ဖိုရမ်နှင့် ညီလာခံအစရှိသည့်ပွဲများကိုအခြားပြည်နယ်ဘက်ကိုပြောင်းရွှေ့ပြုလုပ်ရသည့်အတွက်ကြောင့် ၎င်းနှင့် ဆက်စပ်၍ ဝင်ငွေရသည့် လုပ်ငန်းများအတွက် အထိနာစေမည်ဖြစ်သည်။

ယခင်က NGOsများ ဗုန်းဘောလအောဝင်ရောက်လာမှုကြောင့် ပြည်နယ်အတွင်းလုပ်ငန်းများထပ်ကာ ဒေသခံများစိတ်ရှုပ်ခဲ့ရဖူးသည်။ ထိုသို့ကိစ္စမျိုးထပ်မံမဖြစ်ရန် ရည်ရွယ်လိုက်သည်ဟု ယူဆရသည်။

INGOSနှင့် NGOsများကို စနစ်တကျကိုင်သွယ်ခြင်းအား မပြောလိုသော်လည်းပြည်နယ်အတွင်း နေရာအနှံ့ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ထဲထဲဝင်ဝင်လုပ်ဆောင်နေသည့် ပြည်နယ်အခြေစိုက် CSOsများကိုပါ ညွှန်ကြားချက်အတွင်း ထည့်သွင်းခြင်းမှာမဖြစ်သင့်ပေ။

ခွင့်ပြုမိန့်တင်ရမည်ဟု သတ်မှတ်လိုက်သလို ခွင့်ပြုချက်အတွက် ၎င်းအချိန်အတွင်းအစိုးရမှ အချိန်မီစီမံခန့်ခွဲပြီး လုပ်ဆောင်ရန်လိုအပ်ကြောင်း ရေးသားအပ်သည်။

August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...