ရခိုင်မျိုးစောင့်အဖွဲ့ ARG ၏ မြောက်ဦးမြို့နယ်ရုံးဖွင့်လှစ်

ရခိုင်မျိုးစောင့်အဖွဲ့ ARG ၏ မြောက်ဦးမြို့နယ်ရုံးဖွင့်လှစ်
by -
စိုးဇံအောင်(တောင်ကုတ်)

ရခိုင်မျိုးစောင့်အဖွဲ့ Arakan Rakhita Group (ARG) ၏ မြောက်ဦးမြို့နယ်ရုံးအား စက်တင်ဘာလ ၃၀ ရက်နေ့က ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

အဆိုပါရုံးဖွင့်ပွဲ အခမ်းအနားကို မြောက်ဦးမြို့ ဆင်ချဆိပ် ရပ်ကွက်၊ ကမ္ဘောဇဘဏ် အနီးတွင် ဆောက်လုပ်ပြီးစီးသွားသည့် ARG ရုံးအောက်ထပ်တွင် ပြုလုပ်ခဲ့ကြောင်း ရခိုင်မျိုးစောင့်အဖွဲ့ ARG ၏ ဥက္ကဋ္ဌ ဦးဘအေးက ပြောကြားသည်။

“ကျွန်တော်တို့ ARG က ရခိုင်ပြည်နယ်မြို့နယ်တိုင်းမှာဖွင့်မှာလေ။ အခုက မောင်တောနဲ့ မြောက်ဦးပေါ့။ မြောက်ဦးမှာက အရင်က ယာယီ ရုံးလိုမျိုးရှိခဲ့ပါတယ်။အခုက အဆောက်အဦး လည်း ဆောက်ပြီးပြီ ဆိုတော့ မြောက်ဦးမြို့နယ်ရုံးကို ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ အဓိကရုံးဖွင့်ရတဲ့အကြောင်းရင်းက တော့ မြောက်ဦးမြို့နယ်မှာ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်သွားနိုင်ဖို့အတွက် ဒီရုံးကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်”ဟု ဦးဘအေးက နိရဥ္စရာသို့ပြောသည်။

အဆိုပါရုံးဖွင့်ပွဲအခမ်းအနားကို နံနက် ၁၀ နာရီတွင်စတင်ပြုလုပ်ခဲ့ပြီး ရသေ့တောင်၊ စစ်တွေ၊ ကျောက် တော်အစရှိသည့်မြို့နယ်များမှ ARG အဖွဲ့ဝင်များအပါအဝင် လူဦးရေ ၂၀၀ ခန့် တက်ရောက်ခဲ့သည် ဟုသိရသည်။

ARG သည် လက်ရှိအချိန်တွင် မောင်တောမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံပြီး ဒေသဖွံ့ဖြိုးရေးကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် လူမှု အဖွဲ့အစည်း တစ်ခုဖြစ်သည်။

Most read this week

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...