ရခိုင်တွင် ၅ရက်အတွင်း မိုးကြိုးထိမှန်၍ လူ ၅ ဦးသေဆုံး

ရခိုင်တွင် ၅ရက်အတွင်း မိုးကြိုးထိမှန်၍ လူ ၅ ဦးသေဆုံး
ကြောက်မက်ဖွယ်ရာ မိုးကြိုးပစ်သည့် မြင်ကွင်းတစ်ခု (ဓါတ်ပုံ - အင်တာနက်)
ကြောက်မက်ဖွယ်ရာ မိုးကြိုးပစ်သည့် မြင်ကွင်းတစ်ခု (ဓါတ်ပုံ - အင်တာနက်)

ရခိုင်ပြည်နယ်တွင် မိုးကြိုးထိမှန်၍ ၅ရက်အတွင်း မြို့နယ် ၃ ခုမှ လူ ၅ ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူများမှာ ကျောက်တော်မြို့နယ်မှ တစ်ဦး၊ တောင်ကုတ်မြို့နယ်မှ တစ်ဦးနှင့် မြောက်ဦးမြို့နယ်မှ သုံးဦးတို့ဖြစ်ကြသည်။

ကျောက်တော်မြို့နယ် သံပြင်ကျေးရွာမှ ဦမောင်ထွန်းကြိုင် (၄၉) နှစ်သည် အောက်တိုဘာလ ၁ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် လယ်ပြင်တွင် မြက်ရိတ်သွားရာမှ မိုးကြိုးထိမှန်သေဆုံးခဲ့သည်။

အပေါက်ဝကျေးရွာစခန်းမှူးက သေဆုံးကြောင်းကို အတည်ပြုပြီး အပေါက်ဝဆေးရုံတွင် ဆေးစစ်ရန် ယူဆောင်လာခဲ့ကြောင်း၊ ယခုသဂြိင်္ုလ်ရန် အလောင်းကို ရွာသို့ ပြန်လည် ယူဆောင်သွားခဲ့ပြီဖြစ်ကြောင်း ယနေ့နံနက်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

တောင်ကုတ်မြို့နယ်၊ တန်းလွဲတိုက်နယ်၊ ရွာမအုပ်စု၊ ရွာသစ်ကျေးရွာမှ စတုတ္ထတန်းကျောင်းသား မောင်ဝင်းဗိုလ်ဗိုလ်မြင့် (၁၁) နှစ်သည် စက်တင်ဘာ ၂၉ ရက်နေ့ ည ၆ နာရီခန့်က အိမ်တွင် မိသားစုနှင့် အတူရှိနေစဉ် မိုးကြိုးထိမှန်သေဆုံးသွားခဲ့သည်။

၎င်းပြင် သေဆုံးသူ မောင်ဝင်းဗိုလ်ဗိုလ်မြင့်၏ မိခင် ဒေါ်စိုးစိုးနွယ်(၃၆) နှစ် နှင့် ညီဖြစ်သူ မောင်ကောင်းခန့်လှိုင်( ၁၀) နှစ်တို့တွင်လည်း ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဘာညို ကျေးရွာတွင်လည်း စက်တင်ဘာ ၂၉ ရက် ညနေ ၅ နာရီ ခွဲခန့် အချိန်က မိုးရွာ၍ အနီးအနားရှိ လယ်တဲကို ဝင်ပြေးရာမှ တဲထဲတွင် မိုးကြိုးပစ်ခံရ၍ လူ ၃ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူ သုံးဦးမှာ ဦးကျော်တင်ဝင်း(ဘ) ဦးအောင်ကျော်ဇော (၂၉) နှစ်၊ ဦးဘလိူင် (ဘ) ဦးစိန်သာလှ (၂၇) နှစ်နှင့် ဒေါ်ဆန်းမြရီ (ဘ) ဦးငိုကြူးအောင် (၂၅) နှစ်တို့ ဖြစ်ကြသည်ဟု သက်ဆိုင်ရာ အာဏာပိုင်များက အတည်ပြု ပြောကြားသည်။

Most read this week

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...