ရခိုင်ပြည်လုံးဆိုင်ရာလူငယ်ဖိုရမ်ကို မင်းပြားမြို့တွင် ကျင်းပမည်

ရခိုင်ပြည်လုံးဆိုင်ရာလူငယ်ဖိုရမ်ကို မင်းပြားမြို့တွင် ကျင်းပမည်
by -
နိရဥ္စရာ
ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်ဖိုရမ်ကို မင်းပြားမြို့တွင် ယခုလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့ထိ ၄ ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဖိုရပ်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

”ရခိုင်လူငယ်မူဝါဒတစ်ခုပေါ်ထွန်းလာဖို့အတွက် တစ်ချက်ဖြစ်ပါတယ်။နောက်တစ်ချက်က ရခိုင်လူငယ်တွေ အနာဂတ်မှာ ဘာတွေလုပ်သင့်သလဲဆိုတဲ့ အချက်ရယ်။ ရခိုင်လူငယ် အချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်အောင် Networking တစ်ခု ဖြစ်ပေါ်လာအောင်အတွက်ဖြစ်ပါတယ်”ဟု ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်ဖိုရမ်ကျင်းပရခြင်းရည်ရွယ်ချက်အား ကော်မတီဝင် မတင်တင်သွယ်က နိရဥ္စရာသို့ ပြောဆိုသည်။

အဆိုပါဖိုရမ်သို့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်နှင့် ရန်ကုန်မြို့တို့မှ ကိုယ်စားလှယ် ၅ ဦးအပါအဝင် မျိုးနွယ်စုတစ်ခုစီမှ အနည်းဆုံး ၃ ဦးကျစီ ဖိတ်ကြားထားကြောင်း သိရသည်။

“ရခိုင်ပြည်နယ်တစ်ခုလုံးက ရခိုင်လူငယ်တွေကို ဖိတ်ခေါ်ထားပါတယ်။ ရခိုင်ပြည်နယ်အတွင်း မှီတင်း နေထိုင်တဲ့ မျိုးနွယ်စုတွေကိုလည်း သီးခြားဖိတ်ခေါ်ထားပါတယ်။ အနည်းဆုံးမျိုးနွယ်စု တစ်ခုစီက သုံးယောက်တော့ ဖိတ်ခေါ်သွားမှာပါ။ ကျမတို့က ဆန္ဒချင်းတူတာရယ်။ သွားရာလမ်း ချင်းတူ တာရယ်ကြောင့် ရခိုင်လူငယ်တွေအတွက်ဆောင်ရွက်နေတဲ့ ဘယ်အဖွဲ့ ဘယ်လူငယ်တွေနဲ့ မဆို ပူးပေါင်းဆောင်ရွက်သွားမှာပါ ”ဟု ဆက်လက်ပြောဆိုသည်။

ရခိုင်လူငယ်ဖိုရမ်အား စက်တင်ဘာလ နောက်ဆုံးအပတ်က ကျင်းပရန်စီစဉ်ခဲ့သော်လည်း ရန်ပုံငွေအခက်အခဲကြောင့် ယခုလမှသာ ကျင်းပရခြင်းဖြစ်ကြောင်းသိရသည်။

ယခု ရခိုင်လူငယ် ဖိုရမ်သည် ရခိုင်လူငယ် ညီလာခံပုံစံမျိုး မဟုတ်ဘဲ မကြာမှီတွင် ရခိုင်လူငယ် ညီလာခံတစ်ခုကိုလည်း ထပ်မံကျင်းပရန် ရခိုင်လူငယ်များ စီစဉ်နေကြောင်းလည်း သိရသည်။

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...