Published
Monday, October 01, 2018
မြန်မာဘာသာ အစီအစဉ် (စက်တင်ဘာလ ၃၀၊၂၀၁၈)
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ လယ်ဧက ၂,ဝဝဝ လောက်ကို တပ်မတော်က သိမ်းထားတဲ့အတွက် လက်ရှိမှာ ဟင်းခင်းဥယျာဉ်တောင်လုပ်စား ဖို့မြေမရှိတဲ့အတွက် စားဝတ်နေရေးအခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ လယ်သမားတွေက ပြောပါတယ်။
ရှမ်းပြည်နယ်ထဲက လိုင်စင်မဲ့မော်တော်ယာဉ်တွေကို ပြည်သူလူထု မနစ်နာစေဖို့တခြားနည်းလမ်းတစ်ရပ်ရပ်နဲ့ မှတ်ပုံတင်ဆောင်ရွက်ပေးဖို့အဆိုကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပယ်ချလိုက်ပါတယ်။
မွန်ပြည်နယ်မှာတော့ မြို့ဝင်ကြေးဂိတ်တွေ ဖျက်သိမ်းပေးဖို့အဆိုကို ပြည်နယ် လွှတ်တော်မှာ ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ရှုံးနှိမ့်ခဲ့ပါတယ်။






