မြောက်ဦးလူငယ်ရှစ်ဦးအား ထပ်မံဖမ်းဆီးတရားစွဲဆိုခြင်းအပေါ်ရက္ခိုင်လူငယ်များအစည်းအရုံး-ဂျပန်မှ ကန့်ကွက်ရှုတ်ချ

မြောက်ဦးလူငယ်ရှစ်ဦးအား ထပ်မံဖမ်းဆီးတရားစွဲဆိုခြင်းအပေါ်ရက္ခိုင်လူငယ်များအစည်းအရုံး-ဂျပန်မှ ကန့်ကွက်ရှုတ်ချ
by -
စိုးဇံအောင်(တောင်ကုတ်)

စစ်တွေမြို့နယ် တရားရုံးမှ ထောင် (၈) လချမှတ်လိုက်ပြီးနောက် ချုပ်ရက်စေ့ လွတ်မြောက်လာသူ မြောက်ဦးမှ လူငယ်ရှစ်ဦးအား နိုင်ငံတော်အလံအက်ဥပဒေပုဒ်မ ၁၆ ဖြင့် ထပ်မံဖမ်းဆီး တရား စွဲဆိုခြင်းအပေါ် ရက္ခိုင်လူငယ်များအစည်းအရုံး-ဂျပန် (Arakan Youth Union-Japan)မှ ကန့်ကွက်ရှုတ်ချလိုက်သည်။

ထိုသို့ကန့်ကွက် ရှုတ်ချကြောင်းကို စက်တင်ဘာ ၂၆ ရက်နေ့က ၎င်းအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့အခုလိုထုတ်ပြန်ရတာကတော့ ဇန်နဝါရီ ၁၆ ရက်နေ့က မြောက်ဦးမှာစာပေဟော ပြောပွဲကိစ္စနဲ့ပတ်သက်ပြီး ချီတက်ဆန္ဒဖော်ထုတ်ကြတယ်။အဲ့ဒီအခါမှာ ကျွန်တော်တို့ ရခိုင်လူငယ် ရဦးဆုံးရှုံးခဲ့ပြီးပြီ။ တခြားသေနတ်မှန်တဲ့လူငယ်ရှစ်ဦးလည်း ဖမ်းဆီးခံခဲ့ရတာပေါ့။ဒီလို ဖမ်းဆီးခံခဲ့ရ တဲ့လူငယ်တွေကို သူတို့အနေနဲ့ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မနဲ့ တရား စွဲဆိုခဲ့တယ်။ သူတို့ကို ထောင်ဒဏ် ၈ လချတယ်။သူတို့ရဲ့ချုပ်ရက်ပြည့်တဲ့အတွက် သူတို့ဟာလွတ်မြောက်ပြီးပြီ။ ဒါကိုမှ ထပ်ပြီး ဖမ်းဆီးတရားစွဲဆိုတာဟာ ရခိုင်တစ်မျိုးသားလုံးကို စော်ကားတာနဲ့အတူတူပဲ။ ဒါကြောင့် ကန့်ကွက်ရှုတ်ချပါတယ်”ဟု ရက္ခိုင်လူငယ်အစည်းအရုံး မှ ပြန်ကြားရေးမှူး ကိုဝင်းနိုင်က နိရဥ္စရာ သို့ပြောသည်။

လွတ်မြောက်လာသော ရခိုင်လူငယ် ၈ ဦးအား ထပ်မံဖမ်းဆီး တရားစွဲဆိုခြင်း အပေါ် မိမိတို့မှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း၊ ယခုလုပ်ရပ်သည် အောက်တန်းကျသည့် နိုင်ငံရေးလုပ်ရပ်ဖြစ်သည်ဟု ရှု့မြင်သုံးသပ်ကြောင်း၊ အမျိုးသားဒီမိုကရေစီ အစိုးရအနေဖြင့် ဤကဲ့သို့ ရခိုင်လူမျိုးများ အပေါ် ဖိနှိပ်ချုပ်ချယ်မှုများကို ချက်ချင်းရပ်တန့် ပေးရန် တောင်းဆိုပါကြောင်း၊ ရခိုင်လူမျိုးများအနေဖြင့် အစိုးရ၏ လှည့်ကွက်ထဲသို့ မဝင်မိစေရန် သတိဝီရိယဖြင့် သွားလာနေထိုင်ရန် လိုအပ်ပါကြောင်းဖြင့် ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

ယခုကိစ္စတွင်အာဏာပို်င်များအနေဖြင့် ရခို်င်လူထုကို အုံကြွဆူပူအောင် တမင်တကာ ဖန်တီး နေသည်ဟု မြင်မိကြောင်း ရက္ခိုင်လူငယ်အစည်းအရုံးကိုယ်စား ၄င်းကပြောဆိုသည်။

ထိုသို့ လွတ်မြောက်ပြီးဖြစ်သည့် လူငယ်ရှစ်ဦးအား ပြန်လည်ဖမ်းဆီးတရားစွဲဆိုထားခြင်းနှင့် ပတ်သက် ၍ ရက္ခိုင်လူငယ်အစည်းအရုံး-ဂျပန်အနေဖြင့် ဆန္ဒပြပွဲများပြုလုပ်ပြီး ရခိုင် လူငယ် ရှစ်ဦးဘက်မှ ရပ်တည် သွားမည်ဖြစ်ကြောင်း ကိုဝင်းနိုင်က ပြောကြားသည်။

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...