ဟူးကောင်းဒေသခံများ သိမ်းဆည်းခံမြေယာ ရရှိရေး ဆွေးနွေးပွဲများ ပြုလုပ်

ဟူးကောင်းဒေသခံများ သိမ်းဆည်းခံမြေယာ ရရှိရေး ဆွေးနွေးပွဲများ ပြုလုပ်

ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ ဒေသခံများ ဆုံးရှုံးထားသော သိမ်းပိုက်ခံ နယ်မြေများ ပြန်လည် ရရှိရေးကို အထောက်အကူပြုစေမည့် ဆွေးနွေးပွဲ တစ်ခုကို လီဒိုလမ်းမပေါ် Wa Ra Zup ကျေးရွာတွင် ၃ ရက်သာ ပြုလုပ်ခဲ့သည်။

စက်တင်ဘာ ၂၁ မှ ၂၃ အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ကျေးရွာ ၂၅ မှ ရွာလူကြီးများ တက်ရောက်ကာ အဓိက အချက် ၂ ခုကို ဆွေးနွေးခဲ့သည်ဟု ဒေသခံ Slg. Tang Gun (ဦးတန်ဂွန်း) ပြောပါသည်။

ဒေသခံများ၏ မြေယာကို သိမ်းပိုက်ထားသည့် ယုဇနကုမ္ပဏီ ဆန့်ကျင်ရေး လုပ်ငန်းများ မည်မျှ လုပ်ဆောင်ခဲ့သော်လည်း ထိရောက်မှု မရှိသောကြောင့် ရှေ့ဆက် ပြုလုပ်သွားမည့် အချက်များကို ဆွေးနွေးခဲ့သည်ဟု ပြောပါသည်။

ထို့အပြင် ဟူးကောင်း ကျားထိန်းသိမ်းရေး ခေါင်းစဉ်ဖြင့် ဒေသခံများ၏ မြေယာ သိမ်းဆည်းခံရမှု ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ပြောပါသည်။

လွန်ခဲ့သော စစ်အစိုးရလက်ထက် ဟူးကောင်းဒေသခံများ၏ မြေယာသိမ်းဆည်းခံရမှုကိစ္စ ဖြေရှင်းပေးရန် ဒေသခံများအနဖြင့် ယခု အစိုးရထံ တောင်းဆိုမှု အကြိမ်ကြိမ်ပြုခဲ့သော်လည်း လိုက်လျှော်မှု မရခဲ့သဖြင့် ကိုယ့်အားကိုယ်ကိုး နည်းလမ်းရှာဖွေနေခြင်းလည်း ဖြစ်ပါသည်။

Most read this week

ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...