နိုင်ငံဂုဏ်ဆောင် ကချင် ကာရာတေး အဖွဲ့ကို ဆုချီးမြင့်

နိုင်ငံဂုဏ်ဆောင် ကချင် ကာရာတေး အဖွဲ့ကို ဆုချီးမြင့်

စင်တင်ဘာ ၈ ရက်နေ့ စကာင်္ပူ နိုင်ငံတွင် ကျင်းပခဲ့သည့် နိုင်ငံတကာ Kyokoshin ကာရာတေး ဖိတ်ခေါ် ပြိုင်ပွဲတွင် ဆုတံဆိ်ပ်များ ရရှိခဲ့ကြသည့် မြန်မာနိုင်ငံ ကိုယ်စားပြု ကချင်ပြည်နယ်မှ လူငယ်များကို ယမန်နေ့ (စက်တင်ဘာ ၂၄ ရက်နေ့) မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းတွင် ကချင်အဖွဲ့အစည်းများ အထူးဆုချီးမြင့်ပေးခြင်း ပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံမှ ၁၈ ဦးသွားရောက် ယှဉ်ပြိုင်ရာ ကချင်ပြည်နယ်မှ ၁၅ ဦး ပါဝင်ပြီး ၈ ဦး မှာ ဆုတံဆိပ် အသီးသီး ရရှိခဲ့သည်။ ၄င်းဆုတံဆိပ်များမှာ ချန်ပီယံ ရွှေတံဆိပ် ၄ ဆု၊ ငွေ တံဆိပ် ၂ ဆု နှင့် ကြေး တံဆိပ်၂ ဆု ရရှိခဲ့ကြသည်။

ယမန်နေ့ဆုပေးပွဲတွင် ချန်ပီယံဆုရရှိသူများကိုကျပ် ၇ သိိန်း၊ ငွေတံဆိပ်ဆုကျပ် ၅ သိန်း၊ ကြေးတံဆိပ်ကျပ် ၃ သိန်း နှင့် ပါဝင်ယှဉ််ပြိုင်သူများကို တစ်ဦးလျှင် ကျပ် ၁ သိ်န်းခွဲ စီ ချီးမြင့်ခဲ့သည်။

ချန်ပီယံဆုရှင်ဖြစ်သော စစ်ရှောင်စခန်းမှ Shd. Ja La (မောင်ဂျာလ) နှင့် Shy. Seng Nu (မ ဆိုင်းနူး) တို့အား ကချင်အနုပညာရှင်များ ကူညီရေး အသင်း Shingni Nbat အဖွဲ့မှ နှစ်ယောက်ပေါင်း ကျပ် ၁၃ သိ်န်း ချီးမြင့်ခဲ့ပြီး၊ Mali Ingra စေတနာ့ ဝန်ထမ်း အဖွဲ့မှလည်း ၈ သိန်း ချီးမြင့်ခဲ့ပါသည်။

ယခုလိုဆုချီးမြင့်ပွဲပြုလုပ်ရခြင်းမှာ လူငယ်များ မူးယစ်ကင်းစင်ပြီး အားကစားမှာ ကမ္ဘာ့ အဆင့်ထိ ထိုးပေါက် အောင်မြင်သည့် သူများ ဖြစ်ချင်စိတ်၊ ကြိုးစားချင် စိတ်တွေ ပေါ်ပေါက် လာပြီး အားလုံး အတုယူစရာ ဖြစ်အောင် ရည်ရွယ်ပြီး ဆုချီးမြင့် ရခြင်း ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဆုချီးမြင့် အခမ်းအနားတွင် မြန်မာနိုင်ငံ Kyokoshin ကာရာတေး အဖွဲ့ ဥက္ကဌ ဦးမင်းလွင် လည်း ပါဝင် တက်ရောက် ချီးမြင့် ခဲ့သည်။

June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...
June 23, 2026
မိုးကောင်းမြို့မှာ ရေကြီးရေလျှံဖြစ်နေတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု...
June 22, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြည်သူတစ်ဦးကို လေယာဉ်လက်မှတ်ရောင်းတဲ့ Facebook Page တစ်ခုက...