မြောက်ဦးဒေသခံရှစ်ဦးအား ထောင်(၈)လချ - "ချုပ်ရက်စေ့၍ ယနေ့ ပြန်လွတ်မြောက်"

မြောက်ဦးဒေသခံရှစ်ဦးအား ထောင်(၈)လချ - "ချုပ်ရက်စေ့၍ ယနေ့ ပြန်လွတ်မြောက်"
by -
မာန်ယုကျော် (ရွှေဝမြေ), စိုးဇံအောင်(တောင်ကုတ်)

ယခုနှစ် ဇန်နဝါရီလ အတွင်းက မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သော ရဲတပ်ဖွဲ့၏ ပစ်ခတ် နှိမ်နှင်းမူအတွင်း ဖမ်းဆီးခံထားရသူ ၈ ဦးအား ယနေ့ စစ်တွေမြို့နယ် တရားရုံးက ထောင် (၈) လစီ အသီးသီးချမှတ်ခဲ့သည်။

သို့သော် ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ရရှိသည့် အတွက် ယနေ့ပင် ပြန်လည် လွတ်မြောက်ခဲ့သည်ဟု သူတို့အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောကြားသည်။

ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ၆ (၁)ဖြင့် တရားစွဲဆိုခံထားသော အဆိုပါ (၈) ဦးကို စက်တင်ဘာလ ၂၄ ရက်နေ့ရုံးချိန်းတွင် စွဲချက်တင်ခဲ့ရာ တရားခံများက ဝန်ခံသဖြင့် ပြစ်ဒဏ် (၈)လကျခံရန် အမိန့်ချမှတ်ခဲ့သည်ဟု သိရသည်။

“သူတို့ကိုစွဲဆိုခဲ့တဲ့အခါမှာ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆(၁)နဲ့စွဲဆိုခဲ့တာ၊ ဒါပေမယ့်တရားလိုပြ သက်သေ ၁၁ ဦးကိုစစ်ဆေးလိုက်တဲ့အခါမှာ သူတို့ကအဲ့ဒီပြစ် မှုကိုကျူးလွန်တယ်လို့ မပေါ်ပေါက်ဘူး။ဒါပေမယ့် ဒီလူလေးငါးထောင်၊လူစုလူဝေးနဲ့ ငြိမ်းစုစီမတင်ဘဲနဲ့စီတန်းလှည့်လည်ကြတာမှာပါတယ်။သေနတ်ဒဏ်ရာရရှိခဲ့တယ်။ အဲ့ဒီသေနတ်ပစ်ဖို့ရာအတွက် သူတို့က hand speaker တွေနဲ့ပြောခဲ့တယ်ဆိုတာတော့ သူတို့ထည့်ထားတာတွေတော့ရှိတာပေါ့လေ။ ဥပဒေနဲ့ဆန့်ကျင်တဲ့ အစုအဖွဲ့မှာ သူတို့ ပါဝင်ခဲ့တယ်။ပါဝင်ခဲ့လို့ပဲ သေနတ်ဒဏ်ရာတွေရတယ်။ဒါကြောင့်ဒါလေးကို ဖြေရှင်းပါ ဆိုပြီးစွဲချက်တင်တယ်။ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၄၅ အရ၊အဲ့လိုစွဲချက်တင် တော့ တရားရုံးကလုပ်ထုံးလုပ်နည်းအရ အပြစ်ရှိလား မရှိလားမေးတဲ့အခါမှာ ကျွန်တော် တို့လည်းပါခဲ့လို့ပဲ ဒီလိုဒဏ်ရာရတာပေါ့လေ၊ကျွန်တော်တို့ ဘာမှတော့မလုပ်ခဲ့ပါဘူး။ အဲ့လိုဝန်ခံတော့သူတို့ကို ပြစ်ဒဏ် ၈ လ အပြစ်ပေးတယ်။အဲ့ဒီမှာ သူတို့မှာ ချုပ်ရက်တွေ ရှိတဲ့အတွက်ချုပ်ရက်ကို ထုတ်နှှုတ်ခံစားခွင့်ပြုတယ်။အဲ့တော့ ဒီနေ့ပဲလွတ်မြောက်သွားကြ တယ်”ဟုဒေါ်အေးနုစိန်က ပြောသည်။

ပြန်လည်လွတ်မြောက်လာသူများမှာ မြောက်ဦးမြို့နယ်မှ ကျော်ဝင်းနိုင်၊ ကျော်မင်းစိုး၊ ဦးသန်းဇော်၊ အောင်ကျော်မြင့်၊ ရွှေမောင်၊ အောင်ဌေး၊ ထွန်းကျော်စိန်နှင့် ကျော်ကျော်နိုင်တို့ဖြစ်ကြသည်။

သူတို့သည် ဇန်နဝါရီလ ၁၆ ရက်နေ့၊ ညက မြောက်ဦးမြို့တွင်ဖြစ်ပွားခဲ့သောဖြစ်စဉ်တွင် မြောက်ဦးခရိုင်ထွေ/အုပ်ရုံးနှင့် မြို့နယ်ထွေ/အုပ်ရုံးမှ ဌာနပိုင်ပရိဘောဂများ ပျက်စီးခဲ့သည့် အတွက် ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...