ဘူးသီးတောင်ဆိပ်ကမ်းမှ လူပေါင်း ရ၀၀ ကျော်ခန့် စစ်တွေသို့ သင်္ဘောဖြင့် ထပ်မံ ထွက်ခွာ

ဘူးသီးတောင်ဆိပ်ကမ်းမှ လူပေါင်း ရ၀၀ ကျော်ခန့် စစ်တွေသို့ သင်္ဘောဖြင့် ထပ်မံ ထွက်ခွာ
by -
နိရဥ္စရာ
 အောက်တိုဘာ ၁၅ ရက် နံနက် ဘူးသီးတောင် သင်္ဘောဆိပ် မြင်ကွင်း
အောက်တိုဘာ ၁၅ ရက် နံနက် ဘူးသီးတောင် သင်္ဘောဆိပ် မြင်ကွင်း
ဘူးသီးတောင်မှ စစ်တွေသို့ သင်္ဘောတစ်စီးနှင့် အမြန်ယာဉ် တစ်စီး ထွက်ခွာသွားရာ လူပေါင်း ရ၀၀ ကျော် အောက်တိုဘာ ၁၆ ရက်နေ့က ထပ်မံ လိုက်ပါသွားခဲ့ကြောင်း သတင်း ရရှိသည်။

“ တရားဝင် သင်္ဘောလက်မှတ် ဖြတ်တာက ၃၉၉ ဦးပါ။ ကလေးတွေ အပါအဝင်ဆိုရင် လူပေါင်း ၆၀၀ ခန့် စစ်တွေသို့ လိုက်ပါသွားကြပါတယ်။ နောက် အမြန်ယာဉ်နဲ့ လူပေါင်း ၁၃၀ ကျော် ပါသွားပါတယ်။ စုစုပေါင်း ရ၀၀ ကျော်ထွက်ခွာသွားပါတယ်” ဟု ဘူးသီးတောင်တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်နေသူ ANP ပါတီ အတွင်းရေးမှူး ဦးသာထွန်းလှက ပြောသည်။

ယခုထွက်ခွာသူများမှာ စစ်ပြေးရှောင်များ၊ ၀န်ထမ်းများဖြစ်ကြောင်း သိရသည်။

ယမန်နေ့ကလည်း လူပေါင်း ၂၀၀၀ ကျော်ခန့် ဘူးသီးတောင်မြို့မှ စစ်တွေမြို့သို့ လိုက်ပါသွားကြကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝေက ပြောသည်။

“ မနေ့က သင်္ဘောနှစ်စီး အပြည့်၊ အမြန်ရေယာဉ်နှစ်စီးမှာလည်း အပြည့်ဘဲ။ ကျွန်မထင်တာ စုစုပေါင်း ၂၀၀၀ ကျော်ခန့် ပါသွားပါတယ်။ ကျွန်မတို့ကတော့ မသွားစေချင်ဘူး။ ဒါပေမယ့် လုံခြံုရေးကြောင့်ဆိုတော့ တားမြစ်ဖို့ အခက်အခဲရှိပါတယ်” ဟု ဒေါ်ခင်စောဝေက ပြောသည်။

ရခိုင်တိုင်းရင်းသားကျေးရွာများတွင် ယောကျင်္ားများသာ ကျန်ရှိနေပြီး မိန်းမနှင့် ကလေးများမှာ ဘေးလွတ် လုံခြံုရာသို့ ဆက်လက်ထွက်ခွာလျက် ရှိနေကြာင်း သတင်းရရှိသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...