ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်များ မိမိမြေယာ ကာကွယ်ရေး ကြိုးစားနေ

ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်များ မိမိမြေယာ ကာကွယ်ရေး ကြိုးစားနေ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင် ကျေးရွာပေါင်း ၅ဝကျော်မှ ဒုက္ခသည်များ ကိုယ်တိုင် ဖွဲ့စည်းထားသော မိမိဒေသ မြေယာ ထိန်းသိမ်းရေးအဖွဲ့ ၁ နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၂၂ ရက်နေ့ မိုင်းနား KBC စစ်ရှောင်စခန်းတွင် ပြုလုပ်ခဲ့ပါသည်။

တိုက်ပွဲကြောင့် စစ်ရှောင်များ ချန်ခဲ့ရသော မြေနေရာများတွင် တရုတ်စိုက်ပျိုးရေး ကုမ္ပဏီများမှ ငှက်ပျောခြံ စိုက်ပျိုးလာကြသောကြောင့် မိမိဒေသအား ကာကွယ် ထိန်းသိမ်းရန် ဖွဲ့စည်း ထားခြင်းဖြစ်ကြောင်း ထိုအဖွဲ့၏ တာဝန်ခံ ဦးနော်ဘောက် ကပြောပါသည်။

“အရင်က မြေယာ ထိန်းသိမ်းရေး အဖွဲ့ ကော်မတီ မဖွဲ့ ဖြစ်သေးတဲ့ အချိန်မှာ တရုတ်တွေ ငှက်ပျော စိုက်လာလို့ တစ်ဦးတစ်ယောက် အနေနဲ့ဘဲ သက်ဆိုင်ရာ အစိုးရကို သွားတိုင်တော့ သူတို့ဘက် အရေး မယူပေးကြဘူး။ ခုက ကျေးရွာ အားလုံးပေါင်းပြီး ကော်မတီ ဖွဲ့ပြီးမှ သွားပြောတော့မှ သက်ဆိုင်ရာ အစိုးရတွေက အရေးပေး လာတာ တွေ့ရတယ်။"

တိုက်ပွဲကြောင့် ဒေသခံများ စွန့်ခွာခဲ့ရသော ဝိုင်းမော်မြို့နယ် အတွင်း မြစ်ကြီးနား-ဗန်းမော် ကားလမ်းရှိ ကျေးရွာပေါင်း ၅ဝကျော် ရှိရာ Ga Ra Yang ရွာ နှင့် Dabak ရွာ တွင် တရုတ် ငှက်ပျော် ကုမ္မဏီများ ဝင်ရောက် စိုက်ပျိုးနေပြီ ဖြစ်ကြောင်းသိရပါသည်။

ထို့အပြင်သက်ဆိုင်ရာအစိုးရအဖွဲ့မှလည်း စစ်ရှောင်များ နေရပ်အမြန် ပြန်နိုင်ရေး ကြိုးစားဆောင်ရွက်ပေး ရန် တောင်းဆိုထားပါသည်။

 

May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...