မြန်မာနယ်နိမိတ် ကျူးကျော်မှုမှ တရုတ် ပြန် နောက်ဆုတ်ပေး

မြန်မာနယ်နိမိတ် ကျူးကျော်မှုမှ တရုတ် ပြန် နောက်ဆုတ်ပေး

ရှမ်းပြည်မြောက်ပိုင်း၊ ပန်းဆိုင်း (ကြူကုတ်) မြို့နယ် တရုတ်-မြန်မာ နယ်နိမိတ် မျဉ်းပေါ် တရုတ်ဘက်မှ မြန်မာပြည်ထဲသို့ ဝင်ရောက်ကျူးကျော်ပြီး ‘နယ်ခြား မှတ်တိုင်သစ်’ ရွှေ့ပြောင်း စိုက်ထူရန်ကြိုးစားခြင်းကို ရွာသားများ ကန့်ကွက် ပိတ်ဆို့မှုကြောင့် စက်တင်ဘာလ ၁၉ ရက်နေ့ ညနေတွင် ပြန်ဆုတ်ပေးလိုက်သည်။

မြန်မာပြည်ထဲ မီတာ ၃၀ ခန့် ဝင်ရောက်ကျူးကျော် လာသဖြင့် Hpai Kawng (ဖိုင်ကောင်း) ရွာသားများ စုဝေးကာ သွားရောက် ငြင်းခုံ ပြောကြားရာမှာ အထက်တာဝန်ရှိသူများ နှင့် ပြန်လည် ဆွေးနွေးသွားမည် ဆိုကာ စိုက်ထူနေသော သံတိုင်များကို ပြန်လည် ဖြုတ်သိမ်းသွားကြကြောင်း ကျေးရွာအုပ်ချူပ်ရေးမှုး Slg. Lahpai Zau Hkam (ဦးလဖိုင် ဇော်ခမ်း) ပြောသည်။

“သူတို့ မနက် ၇ နာရီခန့်က စပြီး လာလုပ်ကြတယ်။ ရွာသားတွေက ၁၀ နာရီ ဝန်းကျင်လောက်မှာ သွားဝန်းရံ ပြောဆိုတော့ သူတို့ဘက်ကလည်း နှစ်ဖက် သက်ဆိုင်ရာ လူကြီးတွေနဲ့ တိုင်ပင် အုန်းမယ် ဆိုပြီး ညနေ ၅ နာရီလောက်မှာ သူတို့ ရဲ့ ဆောက်လုပ်နေတဲ့ သံတိုင် ကြိုးတွေကို အကုန် ပြန်ဖြုတ်သွားကြတယ်။”

Hpai Kawng ကျေးရွာသားများအနေဖြင့် တရုတ် နယ်ခြားမှတ်တိုင်သစ် လာစိုက်ရန် တူးထားသည့် ကျင်းကို နဂိုအတိုင်းဖြစ်အောင် မြေပြန်ဖို့ရန် စီစဉ်သော်လည်း သက်ဆိုင်ရာ မြန်မာအစိုးရဘက်မှ ခွင့် မပြုသေးသောကြောင့် အခြေအနေကို စောင့်ကြည့်နေသေးကြောင်း ပြောပါသည်။ 

ထိုနေရာတွင် မြန်မာ နှင့် တရုတ်နိုင်ငံ နယ်နိမိတ် ပြသာနာ ၂၀၀၈ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောဆိုမှုအရ သိရပါသည်။

May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...