ရန်ကုန်အခြေစိုက် ရခိုင်သတင်း ထောက်ဟောင်း ဥက္ကာကိုကို ကွယ်လွန်

ရန်ကုန်အခြေစိုက် ရခိုင်သတင်း ထောက်ဟောင်း ဥက္ကာကိုကို ကွယ်လွန်
by -
စိုးဇံအောင်(တောင်ကုတ်)

7day သတင်းဌာနမှ အကြီးတန်းသတင်းထောက် ဟောင်းတစ်ဦးဖြစ်သူ ရခိုင်သတင်းထောက် ကိုဥက္ကာကိုကို (၂၉)နှစ်သည် ရန်ကုန်ဆေးရုံ ကြီး၌ ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားပြီဖြစ် ကြောင်း သိရသည်။

ကိုဥက္ကာကိုကို သည် သြဂုတ်လအတွင်းက အသည်း ခြောက်ရောဂါဝေဒနာဖြင့် ရန်ကုန် ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရာ ယမန်နေ့ (စက်တင်ဘာ ၂၀ ရက်နေ့) နံနက် ၇ နာရီတွင် ကွယ်လွန်ခဲ့သည်ဟု သိရသည်။

ကိုဥက္ကာကိုကို သည် ရခိုင်ပြည်နယ် သံတွဲဇာတိ သတင်းထောက်တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင် သံတွဲမြို့အထက(၁)၌ ဆယ်တန်းကို Bio ဘာသာတွဲဖြင့် အောင်မြင်ခဲ့သည်။

စစ်တွေတက္ကသိုလ်တွင် ဒသနိကအထူးပြုဖြင့် တက်ရောက်သင်ကြားခဲ့သည်။

၂၀၀၇ ခုနှစ်ဇူလိုင်လတွင် ရန်ကုန်သို့ စတင်အခြေချပြီး အောက်တိုဘာလ ၁၁ ရက်နေ့တွင် 7 day news ဂျာနယ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

မဂ္ဂဇင်းအချို့တွင် ကဗျာ၊ အက်ဆေး၊ ဆောင်းပါး၊ သရော်စာများရေးသားခဲ့ပြီး အရေးအသားကောင်းသူတစ်ဦးဖြစ်ကြောင်း ၄င်းနှင့်အတူလက်တွဲလုပ်ကိုင်ခဲ့ဖူးသော သတင်းသမားများကပြောသည်။

၄င်းသည် Myanmar Journalist Network (MJN) ဦးဆောင်တည်ထောင်သူများ ထဲတွင်လည်း ပါဝင်ခဲ့သည်။၂၀၁၃ ခုနှစ်တွင် 7 day သတင်းဌာနတွင် တာဝန်ထမ်းဆောင်ခြင်းမှ ရပ်နား လိုက်သည်ဟု သိရသည်။

ကိုဥက္ကာကိုကို၏ ရုပ်အလောင်းအား ၂၂ ရက်နေ့လည် ၁ နာရီတွင် ဒေါပုံမြို့နယ် ကန်သာယာ ၂လမ်းထိပ်မှ ရေဝေးသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

(ကိုဥက္ကာကို ကွယ်လွန်သွားခြင်းအပေါ် မိသားစုများ၊ လုပ်ဖော်ကိုင်ဘက်များနှင့် ထပ်တူ ကြေကွဲရပါကြောင်း နိရဥ္စရာ သတင်းဌာနမှ မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။)

May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...