မြစ်ဆုံ ကျေးရွာများ၏ လိုအပ်ချက်များကို တရုတ်ကုမ္ပဏီ မှ ထောက်ပံ့ပေး

မြစ်ဆုံ ကျေးရွာများ၏ လိုအပ်ချက်များကို တရုတ်ကုမ္ပဏီ မှ ထောက်ပံ့ပေး

မြစ်ဆုံစီမံကိန်းနယ်မြေဖြစ်သည့် Mali Yang ကျေးရွာအတွင်း လိုအပ်နေသော အဆောက်အဦးများကို ရေကာတာစီမံကိန်း ပြန်လည် အကောင်အထည်ဖော်နိုင်ရန် ကြိုးစားနေသော တရုတ်ကုမ္မဏီ SPIC မှ ဆောက်လုပ်သွားမည် ဖြစ်သည်။

စီမံကိန်းကြောင့် ရွှေ့ပြောင်းခဲ့ရသော မြစ်ဆုံအနီးတဝိုက် ဒေသခံများသည် လုပ်ကိုင်စားသောက်ရန် လယ်ယာမြေများမရှိသည့်အပြင် သက်ဆိုင်ရာအစိုးရမှလည်း တာဝန်ယူမှုမရှိသောကြောင့် တရုတ်ကုမ္မဏီများ၏ ထောက်ပံ့မှုကို ပုံမှန် ရယူနေခြင်း ဖြစ်ကြောင်း ဦး Mung Ra မှ စိတ်မကောင်းစွာ ပြောဆိုသည်။ 

Mali Yang ကျေးရွာအတွင်း လိုအပ်နေသော စာသင်ကျောင်းများ၊ ဘာသာရေးကျောင်းများ နှင့် အခြား အဆောက်အဦးများ ကို ယခု မိုးတွင်းကာလကုန်တွင် တရုတ်ကုမ္မဏီမှ အပြီးဆောက်လုပ်ပေးရန် ကတိပြုထားကြောင်း သိရသည်။

သို့သော်လည်း တရုတ်ကုမ္မဏီအနေဖြင့် ဒေသခံများ၏ လိုအပ်နေသော အဆောက်အဦးများကို ပုံမှန် ဆောက်လုပ်ပေးနေသော်လည်း ထိုအဆောက်အဦးများမှာ ခိုင်ခံ့မှု မရှိဘဲ အချိန်အတိုအတွင်းပင် ယိုယွင်းပျက်စီးမှု ဖြစ်နေသဖြင့် ဒေသခံများက စိုးရိမ်နေကြပါသည်။

ထို့အပြင် မြစ်ဆုံရေကာတာစီမံကိန်းကို ပြန်လည်အကောင်ထည် ဖော်နို်င်ရန်အတွက် စီမံကိန်းနယ်မြေတဝိုက်တွင် ကျေးရွာများတွင် တရုတ် State Power Investment Corporation မှ စည်းရုံးရေး အမြင်ဖွင့်သင်တန်းများ ဆက်လက်လုပ်ဆောင်နေခြင်းကိုတွေ့ရသည်။

June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...
June 23, 2026
မိုးကောင်းမြို့မှာ ရေကြီးရေလျှံဖြစ်နေတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု...