စစ်တွေမြို့နယ် ရွှေမင်းဂံချောင်းတွင် လူသေအလောင်းတွေ့

စစ်တွေမြို့နယ် ရွှေမင်းဂံချောင်းတွင် လူသေအလောင်းတွေ့
(ဓာတ်ပုံ- ရခိုင်ပြည်နယ် မီးသတ်)
(ဓာတ်ပုံ- ရခိုင်ပြည်နယ် မီးသတ်)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ချောင်းနွယ်အုပ်စု၊ သုံးဆောင်ကျေးရွာ၊ ရွှေမင်းဂံချောင်းရေစပ်အနီး တွင် လူသေအလောင်း တစ်လောင်းကို ယနေ့နံနက်က တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

၎င်းအလောင်းအား စစ်တွေမြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးဟန်စိုး ဦးဆောင်၍ ရှာကယ် တပ်ဖွဲ့ဝင် (၁၀) ဦးမှ လူနာတင်ယာဉ် (၁) စီးဖြင့် သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အတူ စစ်တွေမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

စစ်တွေမီးသတ်စခန်းမှ ဦးဟန်စိုးက “ ကျွန်တော်တို့ သတင်းရတာက ၇ နာ၁၀ မိနစ်လောက်မှာ လူသေအလောင်းတွေ့တယ်လို့ သတင်းရပါတယ်။ ရနာရီ ၁၅မိနစ်လောက်မှာ ဒီကနေ သွားကြပြီး အလောင်းကို စစ်တွေဆေးရုံကြီးကို ကူညီ ပို့ဆောင်ပေးခဲ့ပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

၎င်းအလောင်းတွင် အုတ်ခဲ တစ်ခဲကို လည်ပင်းတွင် ကြိုးချည်ကာတွေ့ရှိခဲ့ရသည်ဟု သိရသည်။

“ ကြိုးနဲ့ အုတ်ခဲလည်းတွေ့တယ် ခင်ဗျား။ ဘာကြောင့်သေတယ်။ ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတာ ရဲကစစ်ဆေးဆဲပါ။ ဘယ်သူဆိုတာကိုတော့ ကျွန်တော်တို့ မသိပါဘူး” ဟု ပြောကြားသည်။

သေဆုံးသူ၏ ခန္ဓာကိုယ်တွင် ဆေးမင်ကြောင်များတွေ့ရှိသဖြင့် သေဆုံးသူမှာ ရခိုင်လူမျိုးဖြစ်နိုင်ကြောင်း ရဲက ယူဆထားသည်ဟု ၎င်းက ပြောသည်။

“ ရခိုင်လူမျိုးဖြစ်မယ်လို့ ယူဆတာပေါ့နော်။ ဖြစ်တယ်လို့ ပြောတာမဟုတ်ဘူး။ ဆေးမင်ကြောင်တွေလည်း တွေ့တယ်ဆိုတော့လေ” ဟု ပြောဆိုသည်။

အဆိုပါ လူသေအလောင်းနှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်ရန် စစ်တွေအမှတ်(၁) ရဲစခန်းသို့ ဆက်သွယ်ရာ စခန်းမှူးမှ ၎င်းဧရိယာမှာ အမှတ်(၂) စခန်းနှင့် သက်ဆိုင်သဖြင့် အမှတ်(၂) စခန်းသို့ မေးပါဟု ပြောဆိုသည်။ သို့အတွက် ဖုန်းဖြင့် အမှတ်(၂) ရဲစခန်းသို့ ဆက်သွယ်ရာ နယ်ထိန်း အရာရှိမှ သူအလုပ်များနေသဖြင့် အမှတ်(၂) စခန်းမှူးသို့ ဆက်ပါဟု ပြောရာမှ ဆက်လက်၍ အမှတ်(၂) စခန်းမှူးအား ဆက်သွယ်ရာ အမှတ် (၂) စခန်းမှူးမှလည်း ၎င်းမှာ တရားရုံးသို့ ရောက်ရှိနေ၍ နောက်ထပ် ၂ နာရီမှ ဆက်သွယ်ပါဟု ဆိုသဖြင့် လူသေမှုနှင့် ပတ်သက်ပြီး အသေးစိတ် တင်ပြနိုင်ခြင်း မရှိသေးပါ။

Most read this week

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...