ဖားကန့် ကျောက်စိမ်း လုပ်ကွက် သက်တမ်းကုန်ဆုံးသော်လည်း ကုမ္ပဏီများ တူးနေဆဲ

ဖားကန့် ကျောက်စိမ်း လုပ်ကွက် သက်တမ်းကုန်ဆုံးသော်လည်း ကုမ္ပဏီများ တူးနေဆဲ

ကချင်ပြည်နယ်၊ ဖားကန့်မှော်အတွင်း ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီလုပ်ကွက်များ သက်တမ်းကုန်ဆုံးနေသော်လည်း အစိုးရတာဝန်ရှိသူများက တာဝန်ယူဖြေရှင်းမှု မရှိသေးသောကြောင့် သက်တမ်းကုန်ဆုံးသွားသော ကုမ္မဏီများ ဆက်လက်တူးဖော်နေကြောင်း သိရသည်။

အစိုးရတာဝန်ရှိသူများက ကုမ္မဏီများကို စစ်ဆေးမှုများ ပြုလုပ်ခြင်းမရှိသဖြင့် သက်တမ်းကုန်ဆုံးသော ကုမ္မဏီ များပြားလာသည်ကိုတွေ့ရပြီး ထိုသက်တမ်းကုန်ဆုံးလုပ်ကွက်များတွင် အဓိကအားဖြင့် အာဏာရှိ အကြီးအကဲများက အချင်းချင်းနားလည်မှု ယူကာ လုပ်ကိုင်ဆောင်ရွက်နေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ထိုသို့ သက်တမ်းကုန်ဆုံးသွားသော ကုမ္မဏီလုပ်ကွက်များတွင် ဆက်လက်တူးဖော်မှုများ ပြုလုပ်နေသဖြင့် တနိုင်တပိုင်ရုန်းကန်လုပ်ကိုင်နေသော ဒေသခံများ၏ လုပ်ကိုင်ခွင့်များ နည်းပါးနေပြီး နိုင်ငံတော်အစိုးရကိုလည်း အခွန်အများအပြား ဆုံးရှုံး နေကြောင်းကို အစိမ်းရောင် (Green Land) အဖွဲ့မှ ဦး Ying Hkaw က ပြောဆိုသည်။

ကုမ္မဏီများမှ မိမိလုပ်ကွက်သည် သက်တမ်းကုန်ဆုံးသွားသော်လည်း ထိုနေရာတွင် ဆက်လက် ကျောက်စိမ်းတူးဖော်မှု လုပ်ကိုင်နေသည်ကို အစိုးရကျောက်စိမ်းဌာနက စစ်ဆေးမှုများ ပြုလုပ်ခြင်း မရှိသေးသော်လည်း တွေ့ရှိပါက ကျောက်မျက်ဥပဒေအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောဆိုသည်။

လက်ရှိနို်င်ငံတော် မူဝါဒအရ ကျောက်စိမ်းတူးဖော်ခွင့် တက်တမ်းတိုးပေးခွင့်မရှိသည့်အတွက် ၂၀၂၁ တွင် ကုမ္မဏီအားလုံးက လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးသွားမည်ဖြစ်ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပြသည်။

June 11, 2026
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး...
June 10, 2026
ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို...
June 9, 2026
ကချင်ပြည်နယ် ရွှေကူ–ငအိုးလမ်းကြောတလျှောက်နဲ့ ရွှေကူမြို့နယ်တစ်ဝှိုက်မှာတော့ ဒီနေ့အထိ...
June 8, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လေယာဉ်လက်မှတ် လိမ်လည်ရောင်းချမှုတွေ များလာနေပြီး ခရီးသည်တချို့...