ဘင်္ဂလာပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း (၂၄) နာရီအတွင်း မုန်တိုင်းငယ်ဖြစ်နိုင်

ဘင်္ဂလာပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း (၂၄) နာရီအတွင်း မုန်တိုင်းငယ်ဖြစ်နိုင်

မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ယနေ့နံနက်(၇)နာရီက တိုင်းထွာချက်များအရ ဘင်္ဂလာ ပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ဆက်စပ်နေသော မြန်မာ့ကမ်းရိုးတန်း အနီး ဖြစ်ပေါ် နေသည့် လေဖိအားနည်းရပ်ဝန်းသည် နောက်(၂၄)နာရီအတွင်း ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယင်းလေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းကျပြီး၊ လှိုင်းကြီးနိုင်ကာ ရေပြင် ၊ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။ လှိုင်းအမြင့်မှာ (၉)ပေမှ (၁၂)ပေခန့်အထိရှိနိုင်သည်။

“ကျောက်ဖြူဘက်မှာတော့ မိုးဖွဲဖွဲရွာနေတယ်။ လောလောဆယ် လေပြင်းတိုက်တာတော့ မရှိသေးဘူး။ ငါးဖမ်းလှေတွေတော့ ကမ်းကပ်ထားကြတယ်လို့ ကြားတယ်။ သတိတော့ ထားရမှာပေါ့”ဟု မာန်အောင်ဒေသခံ ကိုသန်းနိုင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် မုန်တိုင်းသတိပေးချက် အားနည်းခဲ့မှုကြောင့် ၂၀၀၉ ခုနှစ်အတွင်း ဂီရိမုန်တိုင်း ဝင်စဉ်က ကျောက်ဖြူ ၊ ရမ်းဗြဲ ၊ ပေါက်တောနှင့် မြေပုံမြို့နယ်များတွင် အပျက်အစီးများပြားခဲ့ပြီး လူဦးရေ တစ်သိန်းခန့်အထိ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။

May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...