ရခိုင်ပြည်နယ်တွင် JICA အကူအညီဖြင့် စာသင်ကျောင်း ၁၅ ကျောင်းဆောက်မည်

ရခိုင်ပြည်နယ်တွင် JICA အကူအညီဖြင့် စာသင်ကျောင်း ၁၅ ကျောင်းဆောက်မည်

ရခိုင်ပြည်နယ်တွင် JICA (Japan International Cooperation Agency) ၏ အကူအညီဖြင့် (၂၀၁၈-၂၀၁၉) ပညာသင်နှစ် အတွင်း စာသင်ကျောင်း ၁၅ ကျောင်း ဆောက် လုပ်သွားမည်ဟု သတင်းရရှိသည်။

တည်ဆောက်မည့် ကျောင်းများထဲတွင် စစ်တွေမြို့နယ်မှ ၄ ကျောင်းပါဝင်ပြီး ၎င်းတို့မှာ အထက (ခွဲ) ၃ ရေတပ်၊ မူလွန်-သင်္ဂနက်၊ မူလွန်-သာယာကုန်း၊ အလက-အောင်ဒိုင် တို့ ဖြစ်ကြသည်။

ပုဏ္ဍားကျွန်းမြို့နယ်တွင် ၃ ကျောင်း တည်ဆောက်မည် ဖြစ်ရာ ၎င်းတို့မှာ အထက-ကျွဲထိုး၊ မူလွန်-ကုန်တမ်း(ကုန်တန်း)၊ အထက(ခွဲ) ပြင်လျားရှည်တို့ဖြစ်ကြပြီး ကျောက်တော်မြို့နယ်မှ အထက(ခွဲ) ရှမ်းရွာနှင့် မူလွန်- သရက်တစ်ပင်ကျောင်းတို့ ပါဝင်သည်။

မြောက်ဦးမြို့နယ် ၂ ကျောင်းပါဝင်ရာ ၎င်းကျောင်းများမှာ အထက-တိန်ညိုနှင့် မူလွန်-အင်းရှည် တို့ဖြစ်ကြပြီး မင်းပြားမြို့နယ်မှ ၂ ကျောင်းတွင် အထက (၁) မင်းပြားနှင့် အထက-ကနီ(ကမ်းနီ) တို့ဖြစ်ကြသည်။

မြေပုံမြို့နယ်တွင် အထက (လွန်းလုံပိုက်)နှင့် ကျောက်ဖြူမြို့နယ်မှ ဇင်ချောင်း အထကတို့ ပါဝင်သည်။

“ ကျောင်းတွေကို ဆောက်လုပ်ရန် အတွက် ကျွန်တော်တို့ ကျောင်းဆောင် အမှုတွဲတွေကို တောင်းနေပါတယ်။ အခြေခံ ပညာဦးစီးဌာနကို တင်ပြထားပြီးပါပြီ။ အခု JICA ကနေ တင်ဒါ အတွက် Third party ရွေးချယ်ရေး အစီအစဉ်တွေကို လုပ်နေပါတယ်။ Third party ရွေးပြီးတဲ့ အခါမှ ၁၅ ကျောင်းအတွက် ဆောက်လုပ်မယ့် ကုမ္ပဏီတင်ဒါကို ဆက်ပြီး ခေါ်ပါမယ်။ ဘယ်အချိန် ခေါ်မလဲဆိုတာ Third party ရွေးပြီးမှ သိရမှာပါ” ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံး ဦးစီးအရာရှိ (ငွေစာရင်း) ဦးကျော်နိုင်က ပြောသည်။

ဆောက်လုပ်မည် ကျောင်းများကို ရွေးချယ်ပုံနှင့် ပတ်သက်ပြီး သူက ယခုလို ပြောကြားသည်။

“ ကျောင်းများရွေးချယ်သလဲဆိုတာ ရေကြီးမြေပြို သဘာဝ ဘေးဒဏ်ခံရတဲ့ ကျောင်းတွေပါ ခင်ဗျား။ ၂၁၀၅ ဆိုင်ကလုန် Cyclone Komen တိုက်ခိုက်ပြီး ယူနီဆက်က ဆောက်တယ်၊ JICA က ဆောက်တယ်။ နောက်လက်ကျန် ကျောင်းတွေကို ရွေးလိုက်တာဖြစ်ပါတယ်” ဟု ပြောကြားသည်။

၂၀၁၅ ခုနှစ် တိုက်ခတ်သွားသော ကိုမန် မုန်တိုင်း အတွင်း JICA မှ ဂျပန်ယန်း ၁၅၀ ဘီလီ အသုံးပြုကာ မြန်မာ တစ်နိုင်ငံလုံး ၄၉၃ ကျောင်းဆောက်လုပ်ရန် သတ်မှတ်ခဲ့ကြောင်း၊ ထိုအထဲတွင် ရခိုင်မှ ကျောင်း ၂၆၀ ကျောင်းကို ပြုပြင်ခြင်း၊ အသစ်ဆောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ၎င်းကျောင်းများအတွက် ပထမအကြိမ်တင်ဒါ၊ ဒုတိယ အကြိမ် တင်ဒါ၊ တတိယ အကြိမ် တင်ဒါများကို ခေါ်ယူခဲ့ပြီ ဖြစ်ကြောင်း ယခုစာသင်ကျောင်း ၁၅ ကျောင်းအတွက် တင်ဒါမှာ စတုတ္ထ အကြိမ် ခေါ်ယူမည့် တင်ဒါဖြစ်ကြောင်း ဦးကျော်နိုင်က ပြောကြားသည်။

“ ဂျပန်ယန်း ၁၅၀ ဘီလီယံထဲက ၇၅ ရာခိုင်နှုန်းကတော့ သုံးထားပြီးပြီဆိုတော့ ကျန်တဲ့ ၂၅ ရာခိုင်နှုန်းထဲကဘဲ အကောင်အထည် ဖော် တည်ဆောက်မယ့် အနေအထားရှိပါတယ်” ဟု သူက ဆက်လက် ပြောကြားသည်။

၎င်းကျောင်း (၁၅) ကျောင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ပညာရေးမှူးမှ ခရိုင်ပညာရေးမှူး များထံ အမှုတွဲများကို စက်တင်ဘာ ၁၅ ရက်နေ့ကို နောက်ဆုံး တောင်းခံထားပြီး ယခုလ ၂၀ ရက်နေ့တွင် အခြေခံ ပညာ ဦးစီးဌာနသို့ ဆက်လက်ပေးပို့သွားမည်ဟု သိရှိရသည်။

Most read this week

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...