ပူတာအို ရေဘေးသင့် ရွာသားများ စားဝတ်နေရေး ခက်ခဲနေ

ပူတာအို ရေဘေးသင့် ရွာသားများ စားဝတ်နေရေး ခက်ခဲနေ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် အထက် ဆန်ဂေါင်၊ အနီးတစ်ဝိုက်ကျေးရွာများတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျ ချောင်းရေများလာသောကြောင့် နေအိမ်အချို့ နှင့် လယ်ယာ၊ စိုက်ခင်းများ ပျက်စီးကာ စားဝတ်နေရေး ကြပ်တည်းပြီး ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရန် အခက်အခဲများ ကြုံနေရပါသည်။

ချောင်းရေများ ကြီးလာ သဖြင့် နေအိမ် ၁၇ အိမ် ပျက်စီးသွားကာ ဒေသခံများ၏ လယ်ယာ စိုက်ခင်းများလည်း ပျက်စီး ဆုံးရှုံးသွားသောကြောင့် ဒေသခံများ၏ စားဝတ်နေရေးအတွက် အခက်အခဲ များစွာ ရှိနေကြောင်းကို ဒေသခံ ဦးအောင်ခမ်း က ယခုလို ကချင်သတင်းဌာန KNG ကို ပြောသည်။

“ပြန်လည် ထူထောင်ရေးနဲ့ပတ်သက်လို့ ဘာမှ မလုပ်နိုင်သေးပါဘူး။ တစ်ချို့က လယ်တွေ ပျက်စီးတယ်၊ နေအိမ်တွေလည်း ပျက်တယ်၊ ပျက်သွားတဲ့ အရာတွင်ကို ဘာမှ ပြန်လည် လုပ်ပေးနိုင်တာ မရှိသေးဘူး။ ကလေးတွေ အတွက် ဆေးဝါးတွေလည်း လိုအပ်နေပါတယ်။ ကလေးတွေ ကျောင်းတော့ တက်နိုင်ကြပါပြီ၊ ဒါပယ်မဲ့ သူတို့ မိသားစု နေအ်ိမ်မှာက အခက်အခဲ များစွာ ရှိနေပါသေးတယ်။”

သက်ဆိုင်ရာ အစိုးရ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အဖွဲ့မှ ကျပ်သိန်း ၁၀၀ မ တည်ပြီး ကူညီမှု ပြုလုပ်ကြောင်း ကြားနေရသော်လည်း လက်ရှိတွင် မည်သည့် ကူညီမှု မှ ရောက် မလာ သေးကြောင်း လည်း ပြောသည်။

လက်ရှိအခြေအနေအတွက် ပူတာအို ခရစ်ယာန်အသင်းတော်ပေါင်းစုံ လူငယ်များမှ ရန်ပုံငွေရှာဖွေ စုဆောင်းပြီး စားဝတ်နေရေး အတွက် အတတ်နိုင်ဆုံး ကူညီ ထောက်ပံ့ရေး ပြုလုပ်နေကြောင်းကိုလည်း သူကပြောပါသည်။

ပူတာအို မြို့နယ်တွင် စက်တင်ဘာလ (၉)ရက်နေ့ က မိုးတည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် အထက် ဆန်ဂေါင်၊ လုံမှုဒမ်း၊ ဝါးဆာရ်၊ မုံငူရ်၊ ပူတောင်း အပြင် နီးစပ်ရာ ကျေးရွာရှိ အိမ်ခြေ ၄၀၀ ကျော် ရေလွှမ်းခဲ့ ရသည်။

Most read this week

ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...