ဆန္ဒပြ ကချင်လူငယ် အမှု ပယ်ဖျက်ပေးရန် ခရိုင်တရားရုံးသို့ တင်ပြခြင်း ပလပ် ခံရ

ဆန္ဒပြ ကချင်လူငယ် အမှု ပယ်ဖျက်ပေးရန် ခရိုင်တရားရုံးသို့ တင်ပြခြင်း ပလပ် ခံရ

တပ်မတော်အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခံထားရသော ဆန္ဒပြ ကချင်လူငယ်ခေါင်းဆောင်(၃)ဦး၏ အမှု သည် ခရိုင်တရားရုံးမှ ပယ်ဖျက်ပေးရန်တင်ပြထားသော်လည်း ပလပ် ခံရသောကြောင့် ပြည်နယ်လွှတ်တော်သို့ ပြင်ဆင်လွှာ ကိို ယမန်နေ့ (စက်တင်ဘာ ၁၇ ရက်နေ့)တွင် ထပ်မံ တင်ထားကြောင်း ဆိုသည်။

ကချင်ဆန္ဒပြ (၃)ဦးသည် မြို့နယ်တရားရုံးမှ စွဲချက်အမိန့်ချခဲ့သည့်အပေါ် လက်ခံကျေနပ်မှု မရှိသဖြင့် ပယ်ဖျက်ပေးရန် စက်တင်ဘာလ (၁၂)ရက်နေ့တွင် မြစ်ကြီးနား ခရိုင်တရားရုံးသို့ ပြင်ဆင်လွှာ ကို တင်ပြထားသော်လည်း ပယ်ချ ခံရခြင်းဖြစ်သည်။

ဆန္ဒပြ (၃)ဦး အနက် ဦးလွမ်းဇောင်း၏ ကျန်ရှိသော သက်သေများကို ဒီကနေ့ စစ်ဆေးရန်ဖြစ်သော်လည်း ထိုသို့ ပြည်နယ်လွှတ်တော်သို့ ပြင်ဆင်လွှာ ကို ထပ်မံတင်ပြခဲ့သည့်အတွက် စွပ်စွဲခံ ဦးလွမ်းဇောင်း ကရုံးချိန်းကို ခွင့်ယူထားခြင်း ဖြစ်သည်။

အဆိုပါ ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်၊ ဒေါ်နန်ပူ တို့၏အမှုတွဲကို ပြည်နယ်လွှတ်တော်သို့ ပြင်ဆင်လွှာ ထပ်မံ တင်ပြထားသည့်အတွက် နောက်ရုံးချိန်း စက်တင်ဘာလ ၂၄ရက်နေ့ မြို့နယ်တရားရုံး တွင် ဆက်လက် စစ်ဆေးမည် မစစ်ဆေးမည် မသိရသေးကြောင်းကို ရှေ့နေဦး Mung Seng Tu က ပြောဆိုသည်။

Most read this week

ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...