ဆန္ဒပြ ကချင်လူငယ် အမှု ပယ်ဖျက်ပေးရန် ခရိုင်တရားရုံးသို့ တင်ပြခြင်း ပလပ် ခံရ

ဆန္ဒပြ ကချင်လူငယ် အမှု ပယ်ဖျက်ပေးရန် ခရိုင်တရားရုံးသို့ တင်ပြခြင်း ပလပ် ခံရ

တပ်မတော်အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခံထားရသော ဆန္ဒပြ ကချင်လူငယ်ခေါင်းဆောင်(၃)ဦး၏ အမှု သည် ခရိုင်တရားရုံးမှ ပယ်ဖျက်ပေးရန်တင်ပြထားသော်လည်း ပလပ် ခံရသောကြောင့် ပြည်နယ်လွှတ်တော်သို့ ပြင်ဆင်လွှာ ကိို ယမန်နေ့ (စက်တင်ဘာ ၁၇ ရက်နေ့)တွင် ထပ်မံ တင်ထားကြောင်း ဆိုသည်။

ကချင်ဆန္ဒပြ (၃)ဦးသည် မြို့နယ်တရားရုံးမှ စွဲချက်အမိန့်ချခဲ့သည့်အပေါ် လက်ခံကျေနပ်မှု မရှိသဖြင့် ပယ်ဖျက်ပေးရန် စက်တင်ဘာလ (၁၂)ရက်နေ့တွင် မြစ်ကြီးနား ခရိုင်တရားရုံးသို့ ပြင်ဆင်လွှာ ကို တင်ပြထားသော်လည်း ပယ်ချ ခံရခြင်းဖြစ်သည်။

ဆန္ဒပြ (၃)ဦး အနက် ဦးလွမ်းဇောင်း၏ ကျန်ရှိသော သက်သေများကို ဒီကနေ့ စစ်ဆေးရန်ဖြစ်သော်လည်း ထိုသို့ ပြည်နယ်လွှတ်တော်သို့ ပြင်ဆင်လွှာ ကို ထပ်မံတင်ပြခဲ့သည့်အတွက် စွပ်စွဲခံ ဦးလွမ်းဇောင်း ကရုံးချိန်းကို ခွင့်ယူထားခြင်း ဖြစ်သည်။

အဆိုပါ ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်၊ ဒေါ်နန်ပူ တို့၏အမှုတွဲကို ပြည်နယ်လွှတ်တော်သို့ ပြင်ဆင်လွှာ ထပ်မံ တင်ပြထားသည့်အတွက် နောက်ရုံးချိန်း စက်တင်ဘာလ ၂၄ရက်နေ့ မြို့နယ်တရားရုံး တွင် ဆက်လက် စစ်ဆေးမည် မစစ်ဆေးမည် မသိရသေးကြောင်းကို ရှေ့နေဦး Mung Seng Tu က ပြောဆိုသည်။

Most read this week

May 3, 2024
မိုးမောက်မြို့မှာ စစ်တပ်က ဈေးဆိုင်တစ်ချို့ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေသယ်ယူနေတဲ့အပြင်...
May 2, 2024
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတံတားထိပ်မှာ စစ်ကောင်စီတပ်က အရပ်သား ၃ ဦးကို...
May 1, 2024
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်နဲ့...
ရှေ့တန်းတစ်နေရာမှာတွေ့ရတဲံ KIA တပ်ဖွဲ့ဝင်များ
April 29, 2024
မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဘက်က...