တရုဏဒါရကအသင်းမှ မာန်အောင်တွင် တက္ကသိုလ်ဝင်တန်းအောင်နှင့် ဂုဏ်ထူးရကျာင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

တရုဏဒါရကအသင်းမှ မာန်အောင်တွင် တက္ကသိုလ်ဝင်တန်းအောင်နှင့် ဂုဏ်ထူးရကျာင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်
by -
အောင်လင်းထွန်း(မာန်အောင်)

တရုဏဒါရကအသင်းမှ ဦးဆောင်ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် မာန်အောင်မြို့နယ် ကျေးရွာ ၁၇ ရွာမှ တက္ကသိုလ်ဝင်တန်းအောင်နှင့် ဂုဏ်ထူးရ ကျောင်းသူ/ကျောင်းသားများအား ပညာရည်ချွန်ဆု ချီးမြှင့် ပေးအပ်ခဲ့သည်ဟု သတင်းရရှိသည်။

၎င်းဆုချီးမြှင့်ပွဲကို မာန်အောင်မြို့နယ် ဇီတောကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အခမ်းအနား ကျင်းပပြုလုပ်ပြီး စက်တင်ဘာ ၁၆ ရက်နေ့က ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။

" ဒီဆုပေးပွဲက လေးကြိမ်မြောက်ဖြစ်တယ်။ ဆုပေးပွဲ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်က ဆုရတဲ့ ကျောင်းသားတွေကို အတုယူ အားကျပြီး နောက်ဆယ်တန်းဖြေကြမယ့် ကျောင်းသားတွေ ပိုမိုကြိုစားလာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဆုချီးမြှင့်ရတာ ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူ တွေကို စိတ်ဓာတ်ခွန်အားတိုးတက်လာအောင် အားပေးလိုတဲ့ ရည်ရွယ်ချက်ပါဝင်ပါတယ်” ဟု တရုဏဒါရကအသင်း အဖွဲ့ဝင် ဒေါ်ခင်ဖြိုးဝေမှ နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ဇရပ်ကုန်းခင်ကျေးရွာမှ ယခုနှစ် တက္ကသိုလ်ဝင်တန်း ၂ ဘာသာဂုဏ်ထူးရှင် မမီမီသူဟန်က " အခုဆု ချီးမြှင့်တာက မာန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၇ ရွာက ဂုဏ်ထူးနဲ့ အောင်မြင်တဲ့ ကျောင်းသူကျောင်းသားတွေ၊ ရိုးရိုးအောင်မြင်တဲ့ ကျောင်းသူ ကျောင်းသား ၇၆ ဦးကို ဆုချီမြှင့်တာ ဖြစ်ပါတယ်။ အခုလို ဂုဏ်ပြု ဆုချီးမြှင့်တဲ့ အတွက် ကျောင်းသား/ကျောင်သူ တွေရဲ့ ကိုယ်စား ပညာသင်ဆု ချီးမြှင့်ပေးတဲ့ တရုဏဒါရက အသင်းကို အထူးကျေးဇူး တင်ပါတယ်” ဟု ပြောကြားသည်။

ဆု ချီးမြှင့်ခံရသည့် ကျောင်းသူ ကျောင်းသားများမှာ ကျူ၊ ဘုန်မျက်တော၊ ကမား၊ ကမာဝ၊ တန်းကြီး၊ ဇီးတော၊ အိုးဝ၊ ကံလက်၊ သရော်တော၊ သစ်ပုံ၊ တောင်ပြည်၊ တောရွာ ၊ မျှော်တော်ဦး၊ ပြားကြီး၊ ဇရပ်ကုန်ခင်နှင့် ဘူးရေမျက် စသည့် ကျေးရွာများမှ ဖြစ်ကြသည်။

တရုဏဒါရက အသင်းအနေဖြင့် ယခုကဲ့သို့ ဆုချီးမြှင့်ခြင်းကို ၂၀၁၅ ခုနှစ်က စတင်ပြုလုပ်ခဲ့သည်ဟု သိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့က ဂုဏ်ပြုဆု ချီးမြှင့်ရာတွင် ဆယ်တန်းအောင် ကျောင်းသား တစ်ဦးလျှင် ဆုငွေ ၃ဝဝဝဝကျပ်၊ ဂုဏ်ထူးတစ်ဘာသာ ကျောင်းသားတစ်ဦးလျှင် ၅၀၀၀၀ ကျပ် ချီးမြှင့်ခဲ့သည်။

ယခုနှစ်တွင် အဆိုပါ ကျေးရွာ ၁၇ ရွာမှ တစ်ဘာသာ ဂုဏ်ထူးရှင် ၁၃ ဦး၊ ၂ဘာသာဂုဏ်ထူးရှင် ၃ ဦး၊ ရိုးရိုးအောင်မြင်သူ ၆၀ ဦးတို့ကို ဆုချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...
April 27, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လူနေကျေးရွာများအား မြန်မာစစ်တပ်က...
April 25, 2026
ကျော်သီဟ — ရခိုင်ပြည်ရှိ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းက လေးလအတွင်း စစ်ဘေးရှောင်နှင့်...