မောင်တောနံသာတောင်ပရဟိတကျောင်းဆောင်များပြန်လည်တည်ဆောက်ရန် အကူအညီများဆက်လက်လိုအပ်နေ

မောင်တောနံသာတောင်ပရဟိတကျောင်းဆောင်များပြန်လည်တည်ဆောက်ရန် အကူအညီများဆက်လက်လိုအပ်နေ
by -
စံမောင်သန်း

၂၀၁၇ အရေးအခင်းအတွင်း အကြမ်းဖက်သမားများ၏ မီးရှို့ ဖျက်ဆီးခြင်းကို ခံခဲ့ရသည့် နံသာတောင် ပရဟိတကျောင်းကို ပြန်လည် တည်ဆောက်နေရာ ပင်မကျောင်းဆောင်မှာ ၇၅ ရာခိုင်နှုန်း ပြီးစီးသွားပြီ ဖြစ်သော်လည်း နောက်ထပ်ဆောက်လုပ်မည့် ကျောင်းဆောင်များ အတွက် အကူအညီများ ဆက်လက်လိုအပ်နေကြောင်း သတင်းရရှိသည်။

နံသာတောင်ကျောင်း ပင်မဘုန်းတော်ကြီးကျောင်းဆောင်ကို ဆောက်လုပ်နိုင်ရန် တိပိဋက ဆရာတော် ဘဒ္ဒန္တဣန္ဒပါလ  ဦးဆောင်မှုဖြင့် ကချင်ပြည်နယ် ဖားကန့်၊ မြစ်ကြီးနား၊ မိုးညှင်း နှင့် မန္တလေးဘက်မှ ရခိုင်တိုင်းရင်းသား ညီနောင်များ စုပေါင်းလှူဒါန်းသည့် ကျပ်သိန်း ၂၂၀၀ ဖြင့် ဆောက်လုပ်နေရာ ယခု လက်ရှိတွင် ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဟု သိရသည်။

“ပြည့်စုံကျော် ဆောက်လုပ်ရေးကုမ္ပဏီက ဆက်လက်ပြီး ဆောက်လုပ်နေပါတယ်။ လာမယ့် ဒီဇင်ဘာလအတွင်းမှာတော့ ပင်မကျောင်းဆောင်ကြီးနဲ့ သာသနိက အဆောက်အအုံတွေကတော့ အားလုံးပြီးစီးနိုင်အောင် ဆောင်ရွက်နေပါတယ်။ နောက် ကျောင်းဆောင်တွေ အတွက် ငွေ ကျပ် သိန်း ၁၁၀၀ လောက်တော့ လိုအပ်နေပါသေးတယ်”ဟု ဆရာတော်က ပြောသည်။

လိုအပ်နေသော ငွေများမှာ အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် အနည်းငယ် ပျက်စီးသွားသည့် ကျောင်းသား အိပ်ဆောင် အလျားပေ ၁၀၀ အနံ ၃၀ တစ်ထပ်ဆောင်နှင့် နှစ်ထပ်ဆောင် တစ်ဆောင်၊ ကျောင်းသူ အိပ်ဆောင်များဖြစ်သည့် အလျားပေ ၁၀၀၊ အနံပေ ၃၀ တစ်ထပ်ဆောင် တစ်ဆောင်နှင့် နှစ်ထပ်ဆောင် တစ်ဆောင်တို့ အတွက် ဖြစ်သည်ဟု သိရသည်။

လုံးဝ ပျက်စီးသွားသည့် အလျား ပေ ၅၀ နှင့် အနံ ပေ ၃၀ ကျောင်းသားအိပ်ဆောင် တစ်ဆောင်ကို ပြန်လည် တည်ဆောက်ရန် လိုအပ်နေသေးသည်ဟု ဆရာတော်က ပြောဆိုသည်။

ယင်းသို့ အသစ်ဆောက်လုပ်ရန်နှင့် ပြုပြင်မွန်းမံရန် ပြည်ထောင်စု နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြထားသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားချက် မရရှိသေးကြောင်း သိရသည်။

နံသာတောင် ပရဟိတကျောင်းတွင် ပဥ္စမတန်းမှ တက္ကသိုလ်ဝင်တန်းထိ ကျောင်းသူ ကျောင်းသား ၄၀၁ ဦးနှင့် ဆရာ ဆရာမ ၃၂ ဦးရှိပြီး မောင်တောမြို့နယ် အပြင် အခြားမြို့နယ်များမှလည်း လာရောက်သင်ယူလျက်ရှိသည်ဟု သိရသည်။

နံသာတောင်ကျောင်းမှ ကျောင်းသား ကျောင်းသူများမှာ လုံခြုံရေးနှင့် ကျောင်းတည်ဆောက်မှု မပြီးစီးသေးသည့် အတွက် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်ကို ယခုလက်ရှိတွင် မောင်တောမြို့ မြို့မဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားနေကြရသည်ဟု သိရသည်။

 

Most read this week

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...