၂၀၀၃ ခုနှစ် လဝက ၏ခန့်မှန်းလူဦးရေစာရင်းတွင် ‘ကချင်’ သည် ‘ဂျိမ်းဖော့’ မျိုးနွယ် တစ်ခုသာဖြစ်ပြီး အခြားမျိုးနွွယ်စု ၅မျိုးပါဝင်မှု မရှိသည့်အပေါ် ကချင်အဖွဲ့အစည်းများက နေပြည်တော်တွင်် နိုင်ငံတော်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှု အပြီး စက်တင်ဘာလ ၁၃ ရက်နေ့ ညတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။
ထိုမျိုးနွယ်စု ၅မျိုး မပါဝင်ခြင်းကြောင့် ‘ဂျိမ်းဖော့’ မျိုးနွယ်စုမှလွဲ၍ ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံတော်၏ လဝက လူဦးရေစာရင်း ငါးသောင်းကျော် ၀.၁ ရာခိုင်နှုန်းသည် ကျန်မျိုးနွယ်စု ၅မျိုးအား ရေးရာဝန်ကြီး အဖြစ် ပေးအပ်ခြင်းဖြစ်သည်။
‘ကချင်’ ဟူသည် မျိုးနွယ်စု ၆မျိုးပါဝင်ပြီး ၂၀၁၀ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ‘ကချင်’ သည် ‘ဂျိမ်းဖော့’ မျိုးနွယ်တစ်ခုသာ ဖြစ်ပြီး ကျန်တို်င်းရင်းသားမျိုးနွယ်စုများက ကချင်မဟုတ်ကြောင်း အတည်ပြုထားသည့်အတွက် ယင်းဥပဒေသည် မှားယွင်းနေသဖြင့် အထက်မှတာဝန်ရှိသူများကို ပယ်ဖျက်ပေးရန်အတွက် သွားရောက်တင်ပြခဲ့ခြင်း ဖြစ်သည်ဟု ရှေ့နေ Doi Bu (ဒေါ် ဒွဲဘူ) က ယခုလို ကချင်သတင်းဌာ KNG ကို ရှင်းပြသည်။
“သူတို့က ‘ကချင်’ တိုတာ ‘ဂျိမ်းဖော့’ ဘဲ ဖြစ်တယ်လို့ပြောလိုက်တော့ ကျန်မျိုးနွယ်စုနွယ် ၅မျိုးက ‘ကချင်’ မဟုတ်တော့ ကျနော်တို့ကဘာလဲ လို့ပြောလာတယ်။ သူတို့သဘောအတိုင်း ‘ကချင်’ဟာ ‘ဂျိမ်းဖော့’ ဖြစ်တယ်လို့ အပေါ်ကိုတင်ပြတောင်းဆိုကြတယ်လို့ အမြင်ကွဲပြားမှုတွေရှိခဲ့တယ်။ ဒီမျိုးနွယ်စု ၆ခု က အချင်းချင်း သံသယတွေ မယုံကြည်မှုတွေပြည့်လာတယ်။ ဆန္ဒပြတဲ့ ပြဿနာတွေဖြစ်လာတယ်။ အချင်းချင်းညီညွတ်မှုမရှိတဲ့အပြင် ကျမတို့ ပြဿနာတွေ အများကြီး ရင်ဆိုင်ခဲ့ကြတယ်လို့။”
အဆိုပါ လဝက လူဦးရေစာရင်းများနှင့် ကချင်တိုင်းရင်းသားများ၏ မျိုးနွယ်စု ဥပဒေများကိုပြင်ဆင်နိုင်ရန်အတွက် ကချင်တိုင်းရင်းသားမျိုးနွယ်စု ၆ခု ၏ ကိုယ်စားလှယ်များ၊ ရိုးရာစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီများ၊ အတွင်းရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ် ဟောင်းများ၊ CSO များ ကချင်လူငယ်အဖွဲ့များက ပြည်ထောင်စုလွှတ်တော်နာယကအဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာနများထံသို့ သွားရောက် တင်ပြခဲ့ကြောင်း ပြောပြသည်။
ယင်းကိစ္စများနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၁၇ ရက်နေ့ မြစ်ကြီးနားမြို့တွင် သတင်းစာရှင်းလင်းပွဲ ထပ်မံ ပြုလုပ်သွားရန် စီစဉ်ထားသည်။







