ပညာသင်ကြားခွင့်အာမခံချက်ရရှိရေးအတွက် ကျောက်ဖြူပညာရေးကောလိပ်ကျောင်းသားများဆန္ဒဖော်ထုတ်တောင်းဆို

ပညာသင်ကြားခွင့်အာမခံချက်ရရှိရေးအတွက် ကျောက်ဖြူပညာရေးကောလိပ်ကျောင်းသားများဆန္ဒဖော်ထုတ်တောင်းဆို
by -
စိုးဇံအောင်(တောင်ကုတ်)
ဓါတ်ပုံ-ကျောက်ဖြူပညာရေးကောလိပ်ကျောင်းသားသမဂ္ဂ
ဓါတ်ပုံ-ကျောက်ဖြူပညာရေးကောလိပ်ကျောင်းသားသမဂ္ဂ

ကျောက်ဖြူ ပညာရေးကောလိပ်မှ ကျောင်းသားကျောင်းသူ ၂၀၀ ခန့်သည် ပညာဆက်လက်သင်ကြားရာတွင် အာမခံချက် အပြည့်အဝ ရရှိရေး အတွက် ယမန်နေ့ (စက်တင်ဘာ ၁၆ ရက်နေ့) နံနက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု သတင်း ရရှိသည်။

ဆန္ဒဖော်ထုတ်ရာတွင် ပညာဆက်လက်သင်ယူရန် အတွက် အာမခံချက် အပြည့်အဝရရှိရေး ၊ စာပေဘာသာရပ် ဆက်လက် သင်ကြားရေးအတွက် အဝေးသင် တက္ကသိုလ် တတိယ နှစ်မှစပြီး သင်ကြားခွင့်ရရှိရေး၊ စာပေဘာသာရပ် လွတ်လပ်စွာရွေးချယ်ခွင့်ရရှိရေး၊ တာဝန်ရှိသူများ အနေဖြင့် ပညာရေးကောလိပ် ကျောင်းသား သမဂ္ဂများကော်မတီနဲ့ အမြန်ဆုံး တွေ့ဆုံ ညှိနှိုင်းပေးရေးတို့အတွက် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြောင်း ကျောက်ဖြူ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂမှ ကိုစံအေးကျော်က ပြောသည်။

ကိုစံအေးကျော်က “ စာပေဘာသာရပ်ကို ကျွန်တော်တို့ ကျောင်းသားတွေ အနေနဲ့ လွတ်လပ်စွာရွေးချယ်လို့ မရဘူး။ နောက်တစ်ခု အဝေးသင်တက္ကသိုလ်မှာ တတိယနှစ်ကနေ ဆက်တက်ခွင့်ရရှိရေးကို တောင်းဆိုတာက ဒီပညာရေးကောလိပ်မှာ ၂ နှစ်တက်ပြီးမှ အဝေးသင် တက္ကသိုလ်ကို ပြန်တက်တဲ့ အခါ ပထမနှစ်ကနေ တက်ရတဲ့ အတွက် အချိန်တွေ ကြန့်ကြာသွားတဲ့ အတွက် တတိယနှစ်ကနေ ဆက်တက်ခွင့်ရရှိရေး အတွက် တောင်းဆိုတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဆန္ဒဖော်ထုတ်သူကျောင်းသားကျောင်းသူများသည် ကျောက်ဖြူ ပညာရေးကောလိပ် လမ်းတစ်လျှောက်သာ ချီတက်ခဲ့ကြပြီး ပညာဆက်လက်သင်ယူရန်အတွက် တွေ့ဆုံ ညှိနှိုင်း ဖြေရှင်းပေးရေး၊ စာပေပညာရပ် ဆက် လက်သင်ယူဖို့အတွက် အဝေးသင် တက္ကသိုလ် တတိ ယနှစ်မှ စတက်ခွင့်ရရှိရေး၊ စာပေဘာသာရပ် လွတ် လပ်စွာ ရွေးချယ်ခွင့်ရရှိရေး စသည့် ဆောင်ပုဒ်ပိုစတာများကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ပွဲကို ကျောက်ဖြူ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂမှ ဦးဆောင်ပြီး ကွေးကြော်သံအနေဖြင့် ပညာဆက်လက်သင်ယူရန် အတွက် အာမခံချက် အပြည့်အဝ ရရှိရေး တို့အရေးဆိုသည့် ကြွေးကြော်သံကို ကြေးကြော်ခဲ့ကြသည်ဟု သိရသည်။

ကျောက်ဖြူ ပညာရေး ကောလိပ်တွင် တက်ရောက်သင်ကြားနေသူ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၃၀ ကျော်ပြီး လမ်းအခြေအနေနှင့် ငြိမ်းစုစီတင်ရာတွင် ကျောင်းသားဦးရေ ၂၀၀ ခန့်ဟု တင်ပြထားသဖြင့် ကျောင်းသားကျောင်းသူများအားလုံး မပါဝင်နိုင်ဘဲ ဖြစ်သွားကြောင်း သူက ပြောကြားသည်။

ကျောက်ဖြူကောလိပ်ကျောင်းအုပ်ဆရာမကြီးမှာ ရန်ကုန်သို့ ရောက်ရှိနေသဖြင့် ဆက်သွယ်မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

ကျောင်းသားကျောင်းသူများသည် နံနက် ၈ နာရီ တွင် ကျောင်းဝင်းအတွင်း စုဆုံပြီး ၈ နာရီခွဲတွင် ပညာရေးကောလိပ်ကျောင်းလမ်းတွင် ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး နံနက် ၉ နာရီခန့်တွင် ပြီးစီးခဲ့သည်ဟုသိရသည်။



 

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...