ဖားကန့် ဥရုချောင်းကမ်းပါး မတရား နေထိုင်သူများကို ဖယ်ရှားရန် သတိပေးထား

ဖားကန့် ဥရုချောင်းကမ်းပါး မတရား နေထိုင်သူများကို ဖယ်ရှားရန် သတိပေးထား

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်နှင့်ဆက်စပ်လျက်ရှိသော ဥရုချောင်း ကမ်းပါးနယ်တစ်ဝိုက်တွင် မြေနေရာယူကျူးကျော် နေထိုင်သူများကို စက်တင်ဘာလ ၂၁ရက်နေ့ မတိုင်မီအပြီး ဖျက်သိမ်းမှုမရှိ ပါက တရားဥပဒေနှင့်အညီ ဖယ်ရှားသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

ချောင်းကမ်းပါးအနီးတစ်ဝိုက်တွင် နေထိုင်သူများသည် ဒေသခံများ မဟုတ်ဘဲ ကုမ္မဏီများတွင်ဝင်ရောက် လုပ်ကိုင်နေကြသော နေ့စားသမားများနှင့် စျေးသည်များဖြစ်သည်။ 

၎င်းတို့သည် အုပ်ချုပ်ရေးရုံးသို့ တရားဝင်နေထိုင်ရန် အကြောင်းကြား တင်ပြခြင်း မရှိဘဲ မိမိတို့ဆန္ဒ သဘောအတိုင်း တဲထူကာ မတရား ခြံကျော်ခတ်မှုများ ပြုလုပ်လာသောကြောင့် သတိပေး ဆိုင်းဘုတ်ချိတ်ထားကြောင်းကို တာဝန်ခံများမှ တစ်ဆင့် သိရသည်။ 

ဥရချောင်း ကမ်းပါးနယ်မြေတစ်ဝိုက် နယ်မြေကျူးကျော်နေထိုင်သူများက နေစရာကင်းမဲ့သူများ မဟုတ်သလို ထိုနယ်မြေသည် အများပိုင်ရတာနာမြေဖြစ်နေသည့်အတွက် နေထိုင်ခွင့်ပြုပေးမည် မဟုတ်ကြောင်း ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောဆိုသည်။

ပြည်နယ်အစိုးရမှ ခွင့်ပြုချက်ပေးပါက ဖားကန့်အုပ်ချုပ်ရေး အဖွဲ့အနေနှင့် နေစရာ ကင်းမဲ့သူများကို ယာယီနေထိုင်ဖို့ နေရာများကို စီစဉ်ပေးနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...