ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူမှုတိုက်ဖျက်ရေးနေ့၌ မာန်အောင်မြို့ SAN TPC ကိုယ်ပိုင် အထက်တန်းကျောင်းတွင် လူကုန် ကူးမူပပျောက်ရေး စကားဝိုင်းတစ်ခုကို ကျင်းပပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။
စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျရောက်သည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူမှု တိုက်ဖျက်ရေးနေ့ ၌ ပြုလုပ်ခဲ့သည့် ၎င်းစကားဝိုင်းကို “ လူကုန်ကူးမူပပျောက်ရေး ပြည်သူ အားလုံးပါဝင်ပေး” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မာန်အောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ် လွတ်တော်ကိုယ်စားလှယ် ဦးဖိုးနွဲ့က "မာန်အောင်မှာ လူကုန်ကူးမူရှိနေတယ်လို့ ကောလဟလတွေ ကြားနေရတယ်။ တိကျတဲ့ သတင်း အချက်လက်က မာန်အောင်မှာ မရဘူး။ တကယ်လို့ လူကုန်ကူးမူရှိရင် လူကုန်ကူးမူ တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ရှိပါ တယ်။ အန်ဂျီအို၊ အိုင်အန်ဂျီအိုနဲ့ ပြည်သူလူထုရှိတယ်။ မဖြစ်ခင်က ပြည်သူတွေ ကို ကာကွယ်တဲ့အနေနှင့် Awareness အသိပညာပေးမှုတွေ လုပ်ဖို့လိုအပ်တယ်" ဟု အခမ်းအနားတွင် ပြောကြားသည်။
ဆွေးနွေးပွဲစကားဝိုင်းသို့ ပြည်နယ် လွတ်တော်ကိုယ်စားလှယ် ဦးဖိုးနွဲ့၊ မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လိူင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝေ၊ မြို့နယ်ဥပဒေအရာရှိ ဦးမျိုးလိူင်ဝင်း၊ လက်ထောက် ဆရာဝန် ဒေါက်တာလှမျိုးဦးတို့ အပါအဝင် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
မာန်အောင်မြို့နယ် လူကုန်ကူးမှု အခြေအနေနှင့် ပတ်သက်ပြီး ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးနွဲ့အား နိရဥ္စရာ သတင်းဌာနက မေးမြန်းရာ သူက “ဒီလူကုန် ကူးမူနှင့် ပတ်သက်ပြီး စီမံကိန်း လုပ်တာတွေရှိတယ်။ ပြည်သူတွေ အားလုံးပါဝင်ဖို့လိုအပ်တယ်။ ခုမာန်အောင်မှာက လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး သေချာတဲ့ သတင်းတွေ သိပ်မရှိသေးဘူး။ လူကုန်ကူးတာတွေတော့ရှိတယ်လို့ ကောလဟလတွေတော့ ပြောသံကြားနေရတယ် " ဟု နိရဥ္စရာသတင်းဌာနသို့ ပြောကြားသွားခဲ့သည်။
SAN TPC ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည့် လူကုန်ကူးမူပပျောက်ရေး စကားဝိုင်းကို နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီထိ ကျင်းပပြုလုပ်ခဲ့ပြီး လူပေါင်း ၇၀ ကျော် တက်ရောက်ခဲ့သည်ဟု သတင်းရရှိပါသည်။
အလားတူ မာန်အောင်မြို့နယ်ခန်းမတွင်လည်း မြို့နယ်ပြန်ကြားရေးဦးစီးဌာန နှင့် မြို့နယ် လူကုန်ကူးမှု တားဆီးရေးအဖွဲ့မှ ဦးဆောင်ပြီး ဆဋ္ဌမအကြိမ်မြှောက် လူကုန်ကူးမှုတိုက်ဖျက်နေ့ အခမ်းအနားကို ကျင်း ပြုလုပ် ခဲ့သည်ဟု သတင်းရရှိသည်။
၎င်းအခမ်းအနားသို့ တက်ရောက်ခဲ့သည့် ကျောင်းသူ မတင်နီလာထွန်းက "လူကုန်ကူးမှုနှင့် ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရတယ်။ နားလည်လာတယ်။ လူကုန်ကူးမှု ဖြစ်နိုင် လောက်တဲ့ အကြောင်းအရာတွေကို ကိုယ့်အိမ်အနီးအနားကလူတွေ၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်အသိုင်းအဝိုင်းက လူတွေကို လူကုန်ကူးမှုထဲ မပါနိုင်အောင် ဘယ်လို တားဆီး ကာကွယ် သင့်သလဲဆိုတာကို ပြန်လို့ ပြောလို့ရပါတယ်" ဟု ပြောသည်။







