ကမ္ဘာသန့်ရှင်းရေးနေ့ စစ်တွေပွိုင့်ကမ်းခြေတစ်လျှောက် စုပေါင်းအမှိုက်ကောက်မည်

ကမ္ဘာသန့်ရှင်းရေးနေ့ စစ်တွေပွိုင့်ကမ်းခြေတစ်လျှောက် စုပေါင်းအမှိုက်ကောက်မည်

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့သန့်ရှင်းရေးနေ့တွင် စစ်တွေပွိုင့်ကမ်းခြေ သန့်ရှင်း သာယာလှပရေးအတွက် စုပေါင်း အမှိုက်ကောက်ကြမည်ဟု သတင်းရရှိသည်။

၎င်းအစီအစဉ်ကို ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ ( UNICEF) နှင့် စစ်တွေမြို့နယ် စည်ပင် သာယာရေးတို့မှ ပူးပေါင်းပြီး ဒေသခံလူထုများနှင့် ၀ိုင်းဝန်း ဆောင်ရွက်သွားမည်ဟု သိရသည်။

စစ်တွေ UNICEF ရုံးမှတာဝန်ရှိသူ တစ်ဦးဖြစ်သူ ဒေါ်လဲ့ရည်ဝင်းက“ ဒီအစီအစဉ်က ကမ္ဘာ့ သန့်ရှင်းရေးနေ့ အထိမ်းအမှတ် အနေနဲ့ ကျင်းပမှာ ဖြစ်ပါတယ်။ အမှိုက်ကောက်မယ့် ကမ်းခြေ သန့်ရှင်းရေးအစီအစဉ်ကို စက်တင်ဘာလ ၁၅ရက် စနေနေ့ နံနက် ၇ နာရီကနေ ၉ နာရီအထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

စစ်တွေပွိုင့် ကမ်းခြေတွင် ပြုလုပ်သွားမည့် အမှိုက်ကောက် သန့်ရှင်းရေးအစီအစဉ်တွင် စည်ပင်သာယာမှ ဝန်ထမ်း ၅၀ ၊ အန်ဂျီအိုနှင့်အိုင်အန်ဂျီရုံးများမှ ဝန်ထမ်း ၅၀ စုစုပေါင်း ၁၀၀ ခန့်ပါဝင်မည် ဖြစ်ပြီး တစ်ခြား လူမှုအဖွဲ့အစည်းများကိုလည်း စစ်တွေမြို့နယ် စည်ပင်က ဖိတ်ကြားထားသည်ဟု သိရသည်။

“ နံနက် ၇ နာရီ မထိုးမီ ကုလသမဂ္ဂကလေးများရန်ပုံငွေ အဖွဲ့ရုံးရှေ့မှာ စုဝေးကြပြီး အဖွဲ့ (၂) ဖွဲ့ခွဲကာ စစ်တွေပွိုင့်ကမ်းခြေတလျှောက်ရှိ အမှိုက်တွေကို စနစ်တကျ ကောက်ယူကြမှာ ဖြစ်ပါတယ်။ ကလေးသူငယ်များအပါအဝင် လူသားအားလုံး အတွက် သန့်ရှင်း သာယာလှပတဲ့ ကမ္ဘာတစ်ခု ဖြစ်လာစေရန် ရည်ရွယ်ပြီး ပြုလုပ်မှာ ဖြစ်ပါတယ်” ဟု ဒေါ်လဲ့ရည်ဝင်းက ပြောကြားသည်။

ယခုအမှိုက်ကောက် သန့်ရှင်းရေးမှာ စေတနာဝန်ထမ်း ပြုလုပ်သည့် အစီအစဉ် ဖြစ်ပြီး မည်သူမဆို ပူးပေါင်း ပါဝင်နိုင်ပြီး စိတ်ဝင်စားသူကိုလည်း ပူးပေါင်း လက်တွဲဆောင်ရွက်ရန် ဖိတ်ခေါ်လိုပါကြောင်း သူမက ပြောဆိုသည်။

Most read this week

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...