ကချင်ဆန္ဒပြ လူငယ် (၃)ဦးအမှု ပယ်ဖျက်ပေးရန် ခရိုင်ရုံးသို့ ထပ်မံ တောင်းဆို

ကချင်ဆန္ဒပြ လူငယ် (၃)ဦးအမှု ပယ်ဖျက်ပေးရန် ခရိုင်ရုံးသို့ ထပ်မံ တောင်းဆို

တပ်မတော်အသရေပျက်မှုဖြင့် တရားစွဲဆိုထားခံရသော ဆန္ဒပြကချင်လူငယ်ခေါင်းဆောင် (၃)ဦးကို မြို့နယ်တရားရုံးမှ စွဲချက်အမိန့်ချခဲ့သည့်အပေါ် စွပ်စွဲခံရသူများမှ လက်ခံကျေနပ်မှု မရှိသဖြင့် စွဲချက်မိန့် ပယ်ဖျက်ပေးရန် ယမန်နေ့ (စက်တင်ဘာ ၁၂ ရက်နေ့ )မြစ်ကြီးနား ခရိုင်တရားရုံး သို့ ပြင်ဆင်လွှာ တင်လိုက်သည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ ဒုတိယ ဗိုလ်မှူးကြီးမျိုးမင်းဦး တရားလိုပြုလုပ်ကာ စွပ်စွဲထားသော ထိုအမှုသည် မှန်ကန်မှုမရှိသလို တရားမျှတမှုလည်း မရှိသောကြောင့် မြို့နယ်ရုံးအမိန့်ကို ခရိုင်တရားရုံးမှ ပယ်ဖျက်ပေးရန် တင်ပြခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေ ဦး Mung Seng Tu က ကချင်သတင်းဌာန KNG ကို ပြောသည်။

တပ်မတော်အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် စွပ်စွဲထားသည့် အဆိုပါအမှုကို စက်တင်ဘာ (၃)ရက်နေ့ မြို့နယ်တရားသူကြီးမှ အမိန့်ချမှတ်ခဲ့ပြီး စက်တင်ဘာ (၆)ရက်နေ့ တွင် စွပ်စွဲခံရသူ (၃)ဦးကို စစ်ဆေးခဲ့ပါသည်။ ထို့နောက် စက်တင်ဘာ (၁၀)ရက်နေ့ တွင် ဦး Lum Zawng (လွမ်းဇောင်း)၏ သက်သေ (၃)ဦး ကို စတင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

စွဲချက်အမိန့် ပယ်ဖျက်ပေးရန် ခရိုင်တရားရုံးသို့ တောင်းဆိုရာတွင် ဒေါ် Nang Pu (နန်ပူ)သည် ခရီးလွန်နေသဖြင့် ဦး Lum Zawng နှင့် ဦး Zau Jat (ဇော်ဂျတ်) (၂)ဦး အတွက်သာ ပြင်ဆင်လွှာ တင်ပြထားခြင်း ဖြစ်သည်။

ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...