ကချင်ဆန္ဒပြ လူငယ် (၃)ဦးအမှု ပယ်ဖျက်ပေးရန် ခရိုင်ရုံးသို့ ထပ်မံ တောင်းဆို

ကချင်ဆန္ဒပြ လူငယ် (၃)ဦးအမှု ပယ်ဖျက်ပေးရန် ခရိုင်ရုံးသို့ ထပ်မံ တောင်းဆို

တပ်မတော်အသရေပျက်မှုဖြင့် တရားစွဲဆိုထားခံရသော ဆန္ဒပြကချင်လူငယ်ခေါင်းဆောင် (၃)ဦးကို မြို့နယ်တရားရုံးမှ စွဲချက်အမိန့်ချခဲ့သည့်အပေါ် စွပ်စွဲခံရသူများမှ လက်ခံကျေနပ်မှု မရှိသဖြင့် စွဲချက်မိန့် ပယ်ဖျက်ပေးရန် ယမန်နေ့ (စက်တင်ဘာ ၁၂ ရက်နေ့ )မြစ်ကြီးနား ခရိုင်တရားရုံး သို့ ပြင်ဆင်လွှာ တင်လိုက်သည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ ဒုတိယ ဗိုလ်မှူးကြီးမျိုးမင်းဦး တရားလိုပြုလုပ်ကာ စွပ်စွဲထားသော ထိုအမှုသည် မှန်ကန်မှုမရှိသလို တရားမျှတမှုလည်း မရှိသောကြောင့် မြို့နယ်ရုံးအမိန့်ကို ခရိုင်တရားရုံးမှ ပယ်ဖျက်ပေးရန် တင်ပြခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေ ဦး Mung Seng Tu က ကချင်သတင်းဌာန KNG ကို ပြောသည်။

တပ်မတော်အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် စွပ်စွဲထားသည့် အဆိုပါအမှုကို စက်တင်ဘာ (၃)ရက်နေ့ မြို့နယ်တရားသူကြီးမှ အမိန့်ချမှတ်ခဲ့ပြီး စက်တင်ဘာ (၆)ရက်နေ့ တွင် စွပ်စွဲခံရသူ (၃)ဦးကို စစ်ဆေးခဲ့ပါသည်။ ထို့နောက် စက်တင်ဘာ (၁၀)ရက်နေ့ တွင် ဦး Lum Zawng (လွမ်းဇောင်း)၏ သက်သေ (၃)ဦး ကို စတင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

စွဲချက်အမိန့် ပယ်ဖျက်ပေးရန် ခရိုင်တရားရုံးသို့ တောင်းဆိုရာတွင် ဒေါ် Nang Pu (နန်ပူ)သည် ခရီးလွန်နေသဖြင့် ဦး Lum Zawng နှင့် ဦး Zau Jat (ဇော်ဂျတ်) (၂)ဦး အတွက်သာ ပြင်ဆင်လွှာ တင်ပြထားခြင်း ဖြစ်သည်။

January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...